Connect with us

North America

အမေရိကန်ကာကွယ်ရေးဝန်ကြီးဂျိန်းမက်တစ်က မြောက်ကိုရီးယား၏ တိုက်ချင်းပစ် ဒုံးကျည်မှာ အမေရိကန်ကို ခြိမ်းခြောက်နိုင်စွမ်း မရှိသေးကြောင်း ပြောကြား

မြောက်ကိုရီးယားနိုင်ငံမှ တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်နေစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဂျိန်းမက်တစ်(James Mattis) က မြောက်ကိုရီးယားနိုင်ငံမှ အသစ်စမ်းသပ်ပစ်လွှတ်လိုက်သည့် တိုက်ချင်းပစ်ဒုံးကျည်(ICBM)မှာ အမေရိကန်နိုင်ငံအား ခြိမ်းခြောက်နိုင်စွမ်းရှိသည်ကို ၎င်းအနေဖြင့် မယုံကြည်ကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

“ အမေရိကန်ထိ ခြိမ်းခြောက်နိုင်စွမ်းရှိတယ်ဆိုတာကို အခုချိန်ထိ ပြသနိုင်ခြင်းမရှိသေးပါဘူး” ဟု ပင်တဂွန်စစ်ဌာနချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မက်တစ်က ပြောကြားခဲ့သည်။အဆိုပါ ကိစ္စရပ်အပေါ် အမေရိကန်နိုင်ငံက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း ၊ အချိန်အနည်းငယ်ယူရအုံးမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၅ ရက်တွင် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး တီလာဆန်ကလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ မိန့်ခွန်းပြောကြားရာတွင် မြောက်ကိုရီးယားနိုင်ငံအပေါ် အဓိကအားဖြင့် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်သွားမည့် အစီအစဉ်ကို အမေရိကန်နိုင်ငံက ဆက်လက် ဖိအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားကင်းစင်အောင် စွမ်းဆောင်မှု အောင်မြင်သည်အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်များ အစီအစဉ် ရပ်ဆိုင်းရေး တွန်းအားပေးကြိုးပမ်းမှုအတွက် မြောက်ကိုရီးယားနှင့်အမေရိကန်နိုင်ငံအကြား ဆွေးနွေးမှုများစတင်နိုင်ကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့ပြီး အမေရိကန်နိုင်ငံအနေဖြင့် မြောက်ကိုရီးယားနှင့် “ မည်သည့်ကြိုတင်သဘောတူညီမှုမထားဘဲ ” ဆွေးနွေးရန် အသင့်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံသည် ပြီးခဲ့သော နိုဝင်ဘာလ နှောင်းပိုင်းတွင် တိုက်ချင်းပစ် (ICBM) ပဲ့ထိန်းဒုံးကျည် အသစ်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ပြီး ယင်းစမ်းသပ်မှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းမှ ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချခဲ့ကြသည်။မြောက်ကိုရီးယားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်ခြင်း နှင့် မြောက်ကိုရီးယားနိုင်ငံအား ကြမ်းဖက်မှုအားပေးသည့်နိုင်ငံအဖြစ် အမေရိကန်အစိုးရက ထုတ်ဖော်ကြေညာခဲ့ပြီး ရက်သတ္တပတ်တစ်ခုအကြာတွင် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.