Connect with us

North America

ထရမ့်က မက္ကဆီကိုမှ နယ်စပ်ဖြတ်ကျော်သွင်းကုန်အားလုံးအပေါ် အခွန် ၂၀ရာခိုင်နှုန်းကောက်ခံရန် ဆန္ဒရှိကြောင်းပြော

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်အား သတင်းစာရှင်းလင်းပွဲတစ်ခု၌တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် သည် မက္ကဆီကိုနိုင်ငံ မှ နယ်စပ်ဖြတ်ကျော် သွင်းကုန်အားလုံးအပေါ် အခွန် ၂၀ရာခိုင်နှုန်း ကောက်ခံရန် ဆန္ဒရှိနေကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Sean Spicer က ဇန်နဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

Spicer က ထရမ့်သည် အမေရိကန်နိုင်ငံ နှင့် မက္ကဆီကိုနိုင်ငံ ကြား တံတိုင်းတည်ဆောက်မှုအား ရန်ပုံငွေထောက်ပံ့ရန်အတွက် အခွန်ကောက်ခံမှုစနစ်သစ်ကို လိုလားကြောင်း ပြောကြားခဲ့သည်။မက္ကဆီကိုနိုင်ငံ သမ္မတ Enrique Pena Nieto က ထရမ့်နှင့် ဝါရှင်တန်မြို့တွင် ဇန်နဝါရီ ၃၁ရက်၌ တွေ့ဆုံမည့် ဆွေးနွေးပွဲအား ပယ်ဖျက်ကြောင်း ဇန်နဝါရီ ၂၆ရက်တွင် ထုတ်ပြန်ခဲ့ပြီး နာရီအနည်းငယ်အကြာတွင် Spicer၏ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

သို့သော် Spicer သည် အခွန်ကောက်ခံမှုစနစ်သစ် မည်သို့လုပ်ဆောင်မည့်အကြောင်းကိုမူ အသေးစိတ် ထုတ်ပြန်ခြင်းမရှိခဲ့ကြောင်း သိရသည်။ထရမ့် က အခွန်သစ် လမ်းကြောင်းအတိုင်း သွားပါက အခွန်စနစ်ပြန်လည်ပြုပြင်ခြင်း ဥပဒေကြမ်းသည် အမေရိက၏ ကုန်သွယ်ရေးလိုငွေပြမှုကို လျှော့ချပေးနိုင်မည်ဖြစ်ပြီး အမေရိကန်နိုင်ငံ၏ ပို့ကုန်များ တိုးတက်လာစေမည်ဖြစ်ကာ တံတိုင်းအတွက် မက္ကဆီကိုနိုင်ငံမှ ငွေကြေးများရရှိနိုင်မည်ဖြစ်ကြောင်း Philadelphia မြို့၌ ဇန်နဝါရီ ၂၆ ရက်ကပြောကြားခဲ့သည်။

လေ့လာသုံးသပ်သူများက အခွန်စည်းကြပ်ခွင့်အာဏာသည် အမေရိကန်သမ္မတတွင် ရှိသော်လည်း ထရမ့်အနေဖြင့် မက္ကဆီကိုမှ သွင်းကုန်များအပေါ် အခွန်စနစ်သစ်ပြဋ္ဌာန်းခြင်းသည် ရိုးရှင်းလွယ်ကူမည် မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ကနေဒါ၊ အမေရိကန် နှင့် မက္ကဆီကို နိုင်ငံများအကြား ကုန်သွယ်ခွန်အားလုံး ကင်းလွတ်ခွင့်ပေးထားသည့် မြောက်အမေရိက လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် (NAFTA) ရှိနေ၍ ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

အကယ်၍ ထရမ့်အနေဖြင့် မက္ကဆီကို နိုင်ငံအပေါ် နယ်စပ်ဖြတ်ကျော် အခွန်ကောက်ခံလိုပါက ပထမဆုံး NAFTA သဘောတူညီချက်မှ အမေရိကန်နိုင်ငံ နှုတ်ထွက်ရမည်ဖြစ်ကာ အခြား လက်မှတ်ရေးထိုးထားသည့် နှစ်နိုင်ငံအား ခြောက်လကြို၍ အသိပေးပြီးနောက် အမေရိကန်နိုင်ငံက မက္ကဆီကိုနိုင်ငံအပေါ် ကုန်သွယ်ရေးအတားအဆီးများပြုလုပ်နိုင်ပြီး ဖြစ်ကြောင်း သိရသည်။

ထရမ့်က နံရံတည်ဆောက်မှုစီမံကိန်းအတွက် ငွေကြေးအား အမေရိကန်နိုင်ငံဘက်က စိုက်ထုတ်ပြီး တတ်နိုင်သလောက် အမြန်ဆုံးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း နှင့် မက္ကဆီကိုနိုင်ငံအနေဖြင့် နောက်ပိုင်းတွင် နံရံတည်ဆောက်မှု ကုန်ကျစရိတ်အား ၁၀၀ရာခိုင်နှုန်း ပြန်လည်ပေးဆပ်သွားရမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၅ ရက် အစောပိုင်းတွင်ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခု ၌ ထပ်လောင်းပြောကြားခဲ့သော်လည်း မက္ကဆီကို နိုင်ငံက တံတိုင်းကုန်ကျငွေအားပေးမည် မဟုတ်ကြောင်း အကြိမ်များစွာ ငြင်းဆိုခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117