Connect with us

North America

အမေရိကန်က ပြည်နှင်ဒဏ်ကိစ္စနှင့် ပတ်သက်၍ လေးနိုင်ငံအား ပြည်ဝင်ခွင့်ကန့်သတ်

အမေရိကန်နိုင်ငံ ပြည်တွင်းလုံခြုံရေးဋ္ဌာန ၏ အမှတ်တံဆိပ်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယား၊ အီရီထရီးယား၊ ဂီနီ နှင့် ဆီရာယာလီယွန်နိုင်ငံများ သည် ပြည်နှင်ဒဏ်ပေးခဲ့ရသည့် ၎င်းတို့၏ နိုင်ငံသားများကို ပြန်လည်လက်ခံရန် ငြင်းပယ်ခဲ့သည့်အတွက် အမေရိကန်နိုင်ငံက ယင်းနိုင်ငံများအပေါ် ပြည်ဝင်ခွင့်ကန့်သတ်လိုက်ကြောင်း သိရသည်။

ယင်းသို့ ပြည်ဝင်ခွင့် ကန့်သတ်ခြင်းသည် စက်တင်ဘာ ၁၃ရက်တွင် စတင်အသက်ဝင်ခဲ့ပြီး အခြေအနေအချို့အပေါ်စဉ်းစားဆုံးဖြတ်၍ အချို့သောကဏ္ဍများမှ ပြည်ဝင်ခွင့်လျှောက်ထားသူများအပေါ် အကျိုးသက်ရောက်မှုရှိမည်ဖြစ်ကြောင်း ပြည်တွင်းလုံခြုံရေးဋ္ဌာနက စက်တင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်၌ ယင်းနိုင်ငံများမှ သင့်လျော်သည့် တုံ့ပြန်မှုများ ပြုလုပ်လာခြင်းမရှိပါက ပြည်ဝင်ခွင့် ပိတ်ဆို့တားဆီးခြင်းသည် ပိုမိုများပြားသော လူဦးရေအပေါ်သက်ရောက်မှုရှိလာနိုင်မည်ဖြစ်ကြောင်း သတိပေးဖော်ပြခဲ့သည်။

ပြည်ဝင်ခွင့်တားမြစ်မှု စတင်အသက်ဝင်ချိန်၌ အီရီထရီးယားနိုင်ငံရှိ အမေရိကန်သံရုံးက ပြည်ဝင်ခွင့်ဗီဇာ B အမျိုးအစားဖြစ်သည့် စီးပွားရေး (သို့) အလည်အပတ် ဗီဇာဖြင့် လာရောက်မည့်သူများအား ပြည်ဝင်ခွင့်ထုတ်ပေးခြင်းကို ရပ်တန့်ခဲ့ပြီး အခြားသုံးနိုင်ငံကိုလည်း ပြည်ဝင်ခွင့် ပိတ်ပင်ရန် စောင့်ကြည့်နေကြောင်း သိရသည်။

ထုတ်ပြန်ချက်၌ အဆိုပါလေးနိုင်ငံသည် အမေရိကန်နိုင်ငံက ထွက်ခွာရန် အမိန့်ပေးခံရသည့် ၎င်းတို့၏နိုင်ငံသားများအား သင့်လျော်သည့် ခရီးသွားစာရွက်စာတမ်းများ ထုတ်ပေးခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံသို့ ထွက်ပြေးလွတ်မြောက်လာသည့် ဂီနီနိုင်ငံသား ၂,၁၃၇ဦးခန့် နှင့် ဆီရာယာလီယွန်နိုင်ငံသား ၈၃၁ဦး အနက် အများစုမှာ ရာဇဝတ်သားများဖြစ်ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။

အီရီထရီးယားနိုင်ငံသား ၇၀၀ဦး နှင့် ကမ္ဘောဒီးယားနိုင်ငံသား ၁,၉၀၀ဦးခန့် သည် လက်ရှိတွင် အမေရိကန်နိုင်ငံအတွင်းမှ နှင်ထုတ်ရန် နောက်ဆုံးအမိန့်ပေးခံထားရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.