Connect with us

North America

အမေရိကန် နိုင်ငံ က ဇီဝလက်နက် စမ်းသပ်ထုတ်လုပ်မှုများ ပြုလုပ်နေဖွယ်ရှိကြောင်း ရုရှား နိုင်ငံ ပြောကြား

ဇီဝလက်နက် တိုက်ခိုက်မှု အား ကာကွယ်ရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင် တစ်ဦး အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ စစ်ဘက်ဆိုင်ရာ နျူကလီးယား ၊ ဓာတု နှင့် ဇီဝ လက်နက် ကာကွယ်ရေး ဌာန တပ်မှူး Igor Kirillov က အမေရိကန် နိုင်ငံ အနေဖြင့် ဂျော်ဂျီယာ နိုင်ငံ ရှိ အကြီးစား စမ်းသပ်ခန်း တစ်ခု တွင် ဇီဝလက်နက် စမ်းသပ်မှုများ ပြုလုပ်နေဖွယ်ရှိကြောင်း လတ်တလောရက်ပိုင်း အတွင်း ပြောကြား ခဲ့သည်။

Igor Kirillov က ရုရှား နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန သို့ တင်ပြခဲ့သည့် အစီရင်ခံစာ တွင် ဂျော်ဂျီယာ နိုင်ငံ အမျိုးသား လုံခြုံရေး အေဂျင်စီ ညွှန်ကြားရေးမှူးဟောင်း Giorgadze ပေးပို့ခဲ့သည့် အချက်အလက် များအရ ဂျော်ဂျီယာ နိုင်ငံ အလယ်ပိုင်း ဒေသတွင် Richard Lugar အမည်ဖြင့် သုတေသန စင်တာ တစ်ခု ရှိပြီး ၂၀၁၁ ခုနှစ် မှ စတင်၍ လုပ်ငန်း လည်ပတ်မှုများ ဆောင်ရွက်နေကြောင်း ၊ အမေရိကန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၁၆၀ ခန့် အသုံးပြု၍ ယင်း သုတေသန စင်တာ တွင် တည်ဆောက်မှုများစွာ ပြုလုပ်ခဲ့ကြောင်း ၊ သုတေသန စင်တာ က ၈,၀၀၀ စတုရန်းမီတာ ခန့် ကျယ်ဝန်းပြီး ဝန်ထမ်းပေါင်း ၂၀၀ ခန့် ရှိကြောင်း ၊ သုတေသန စင်တာ အတွင်း အမေရိကန် နိုင်ငံ ကြည်းတပ် မှ အလုံးစုံ အသုံးပြုသည့် အခန်း နှင့် အန္တရာယ် ကြီးမား သည့် ရောပါပိုး ကူးစက် ခံရသူများ ထားရှိသည့် အခန်းများလည်း တည်ရှိကြောင်း ပြောကြား ခဲ့သည်။

ဂျော်ဂျီယာ နိုင်ငံ အမျိုးသား လုံခြုံရေး အေဂျင်စီ ညွှန်ကြားရေးမှူးဟောင်း Giorgadze က အမေရိကန် နိုင်ငံ အနေဖြင့် သုတေသန စင်တာတွင် ဇီဝလက်နက် ပြုလုပ်ခြင်း ၊ ပို့ဆောင်ခြင်း နှင့် အသုံးပြုခြင်း များ ပြုလုပ်နေကြောင်း ပြောကြား ခဲ့သည်။ထို့ပြင် အစီရင်ခံစာ တွင် အမေရိကန် နိုင်ငံ (United States Patent and Trademark Office, USPTO) မှ ထုတ်ဝေပေးခဲ့သည့် အမှတ်စဉ် 8967029 မူပိုင်ခွင့် မှာ ရောဂါပိုး ကူးစက် ခံထားရသည့် ပိုးကောင် များအား ဝေဟင် တွင် ထုတ်လွှတ် နိုင်သည့် မောင်းသူမဲ့ လေယာဉ် တစ်မျိုးဖြစ်ကြောင်း ၊ ထို့ပြင် အမေရိကန် နိုင်ငံ မှ ဇီဝ နှင့် ဓာတု လက်နက် များ ပြုလုပ်နိုင်သည့် မူပိုင်ခွင့်များကိုလည်း ထုတ်ဝေ ပေးခဲ့ကြောင်း ၊ ၂၀၀၇ ခုနှစ် မှ ၂၀၁၈ ခုနှစ် အတွင်း ရုရှား နိုင်ငံ တွင် တွေ့ရှိခဲ့သည့် Asfarviridae ရောဂါကူးစပ်မှုများ တွင် အမှတ်စဉ် “ဂျော်ဂျီယာ-၂၀၀၇” ဟု သတ်မှတ်ထားသည့် ရောဂါပိုး နှင့် တူညီနေကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် ငြိမ်ချမ်းရေး နှင့် ကာကွယ်ရေး ကို အကြောင်းပြု၍ သုတေသန လုပ်ငန်းများ ဆောင်ရွက်ကာ နိုင်ငံတကာ ကန့်သတ်ချက်များကို ကျော်လွှားပြီး ဇီဝလက်နက် ထုတ်လုပ်မှုများ ဆောင်ရွက်နေဖွယ်ရှိကြောင်း ပါဝင် ခဲ့သည်။ (Xinhua)