Connect with us

North America

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား လော့စ်အိန်ဂျလိစ်၌ လူ ၅ သိန်းကျော် ဆန္ဒပြ

အမေရိကန်နိုင်ငံ၌ ဇန်နဝါရီလ ၂၁ ရက်တွင် ပြည်သူထောင်ပေါင်းများစွာက သမ္မတဒေါ်နယ်ထရမ့်အား ဆန္ဒပြနေကြစဉ် ( ဆင်ဟွာ)

လော့စ်အိန်ဂျလိစ် ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ၌ သမ္မတဒေါ်နယ်ထရမ့် ရာထူးလက်ခံပြီး တစ်ရက်အကြာ ဇန်နဝါရီလ ၂၁ ရက်တွင် လော့စ်အိန်ဂျလိစ်မြို့၌ လူပေါင်း ၅ သိန်းကျော် ပါဝင်သော လူထုဆန္ဒပြပွဲ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အမေရိကန်ပြည်သူများသည် လော့စ်အိန်ဂျလိစ်မြို့၌ စုဝေးရောက်ရှိလာပြီး အမျိုးသမီးချီတက်ပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း နှင့် ဆန္ဒပြအမျိုးသမီးများသည် “ Love Trumps hate ” စာတမ်းကို ကိုင်ဆိုင်၍ သမ္မတဒေါ်နယ်ထရမ့်အား ကန့်ကွက်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြပွဲတွင် ပါဝင်သူအများစုသည် ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလက ကျင်းပခဲ့သော အမေရိကန်သမ္မတရွေးကောက်ပွဲတွင် သမ္မတလောင်း ဟီလာရီကလင်တန်ကို ထောက်ခံခဲ့ကြသူများဖြစ်သည်။

အဆိုပါဆန္ဒပြသူများသည် “ Trust the progess” ၊ “ Love not hate makes America great” ၊ “ Get your tiny hands off my rights ” စသည့် စာတမ်းပါ ရောင်စုံကားချပ်များကို ကိုင်ဆောင်က အမျိုးသမီးအခွင့်အရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြပြီး ၊ တချို့က “ No more oil” လောင်စာဆီ မရှိတော့ပါ ကဲ့သို့သော စာတမ်းများဖြင့်လည်း ကြွေးကြော်ဆန္ဒပြခဲ့ကြကြောင်းသိရသည်။

“ သူနဲ့သဘောထားခြင်း မတူညီမှုတွေ ရှိနေတာကို သူသိစေရမယ်။ ကျွန်မတို့ဟာ အမျိုးသမီးအခွင့်အရေး နဲ့ လိင်တူအခွင့်အရေး တိုးတက်အောင် ဆက်ပြီး လုပ်ဆောင်သွားမယ်။ လူမျိုး ၊ ဘာသာ ၊ လိင်အမျိုးအစားပေါ် အခြေခံပြီး ခွဲခြားဆက်ဆံမှုတွေ အမေရိကန်နိုင်ငံမှာ မရှိအောင် အားပေးမြှင့်တင်မှုတွေလုပ်သွားရမယ်” ဟု အမျိုးသမီး ရှေ့နေ Cheryl Lacour က ဆင်ဟွာသတင်းဌာသို့ပြောကြားခဲ့သည်။

Chertl က ရွေးကောက်ပွဲရလဒ်ကို လက်ခံရမည်ဖြစ်ကြောင်း နှင့် အနာဂတ်တွင် အမျိုးသမီးအခွင့်အရေးရရှိစေရန် အတွက် ဆန္ဒပြသူများနှင့် ပူးပေါင်းရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ သမ္မတသစ်ဟာ တာဝန်ယူမှု တာဝန်ခံမှု နဲ့လုပ်ကိုင်ဆောင်ရွက်တာမျိုး ဖြစ်စေချင်တယ် ။ သူရုံးထိုင်တဲ့ ပထမဆုံးနေ့မှာ ဘာတွေ ရင်ဆိုင်ကြုံတွေ့နေရလဲ ဆိုတာ သူ့ကို သိစေချင်တယ်”

ဇန်နဝါရီလ ၂၁ ရက်တွင် ပြုလုပ်သော ဆန္ဒပြပွဲတွင် လူပေါင်း ၅ သိန်း ခန့်ရှိမည်ဟု လောစ့်အိန်ဂျလိစ်ရဲဌာန(LAPD) က ခန့်မှန်းထားသော်လည်း ပွဲစီစဉ်သူများကမူ ၎င်းအရေအတွက်ထက်ပိုများနိုင်ကြောင်း ဆိုထားသည်။ (Xinhua)