Connect with us

North America

အမေရိကန်သရုပ်ဆောင် မင်းသားကြီး ဂျွန်ဟတ်ဒ် အသက် ၇၂နှစ် အရွယ်တွင် ကွယ်လွန်

အမေရိကန်သရုပ်ဆောင် မင်းသားကြီး ဂျွန်ဟတ်ဒ် အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

အမေရိကန် ရုပ်ရှင်ဇာတ်ကား “Home Alone” ဇာတ်လမ်းများတွင် ဖခင်တစ်ဦးအဖြစ် သရုပ်ဆောင်ရာ၌ အထူး လူသိများထင်ရှားခဲ့သည့် အမေရိကန်ရုပ်ရှင်မင်းသားကြီး ဂျွန်ဟတ်ဒ် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာ ကလာရာ စီရင်စု ရှိ ဆေးပညာဆိုင်ရာစစ်ဆေးရေးရုံး က ဇူလိုင် ၂၁ ရက် တွင် ကြေညာခဲ့သည်။

၁၉၈၀ပြည့်လွန်နှစ်များ နှင့် ၁၉၉၀ပြည့်လွန်နှစ်များ တွင် ထွက်ရှိခဲ့သော ရုပ်ရှင်ဇာတ်ကားများ၌ ပရိသတ်၏အသည်းစွဲ သရုပ်ဆောင်မင်းသားဖြစ်သော ဂျွန်ဟတ်ဒ်သည် ဇူလိုင် ၂၁ ရက်တွင် ကယ်လီဖိုးနီးယားပြည်နယ် ပါလိုအယ်ဆိုမြို့တွင်ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။သန့်ရှင်းရေးဝန်ထမ်းက ၎င်းအား ဟိုတယ်တစ်ခုတွင် သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း မိသားစုဝင်များ၏ ပြောကြားချက်ကို ကိုးကား၍ TMZ သတင်းဝက်ဘ်ဆိုက်ကဖော်ပြခဲ့သည်။

ရဲတပ်ဖွဲ့က ဟော်တယ်သို့ အရေးပေါ်လူနာတင်ကားခေါ်ယူခဲ့သော်လည်း ဂျွန်ဟတ်ဒ်သည် ဟော်တယ်၌ပင်သေဆုံးနေပြီဖြစ်ကြောင်း သိရသည်။သေမှုသေခင်း စစ်ဆေးရေးအရာရှိက ဂျွန်ဟတ်ဒ်သေဆုံးရခြင်းအကြောင်းရင်းကို စစ်ဆေးနေသော်လည်း ရဲတပ်ဖွဲ့က သွေးရိုးသားရိုးသေဆုံးမှုတစ်ခုအဖြစ် ယူဆကြကြောင်း သိရသည်။ဟတ်ဒ်အား ၁၉၄၅ခုနှစ် မတ်လ ၇ ရက်တွင် ဝါရှင်တန် ဒီစီ ၌ မွေးဖွားခဲ့ပြီး ၎င်း၏ ဘဝတစ်လျှောက်တွင် သုံးကြိမ်လက်ထပ်ခဲ့ရာ အထူးခြားဆုံးအဖြစ် ၁၉၇၉ခုနှစ်တွင် “Superman” ဇာတ်ကား၏ သရုပ်ဆောင်မင်းသမီး မာဂေါ့ကဒ်ဒါ နှင့် လက်ထပ်ခဲ့ပြီး ၆ရက်သာ ပေါင်းသင်းခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.