Connect with us

North America

အမေရိကန် နိုင်ငံ ဝါရှင်တန် ပြည်နယ်တွင် ရထားတွဲချော်မှု ဖြစ်ပွားသဖြင့် လူပေါင်း အများအပြား သေဆုံးဒဏ်ရာရရှိ

အမေရိကန် နိုင်ငံ ဝါရှင်တန် ပြည်နယ် တောင်ပိုင်း ဒေသတွင် ဖြစ်ပွား ခဲ့သည့် ရထား တွဲချော်မှု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဆန်ဖရန်စစ္စကို ၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ အမျိုးသား ရထားလမ်း သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ ၏ ရထား တစ်စင်း သည် ဒီဇင်ဘာ ၁၈ ရက်နေ့၌ ဝါရှင်တန် ပြည်နယ် တောင်ပိုင်း ဒေသတွင် တွဲချော်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း အများအပြား သေဆုံးဒဏ်ရာရရှိမှု ဖြစ်ပွား ခဲ့ကြောင်း သိရှိခဲ့ရသည်။

ရထားလမ်း သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ ၏ ထုတ်ပြန်ချက်တွင် Seattle မှ Portland သို့ မောင်းနှင်ခဲ့သည့် အမှတ်စဉ် ၅၀၁ ရထားသည် ဒီဇင်ဘာ ၁၈ ရက်နေ့၌ တွဲချော်မှု ဖြစ်ပွား ခဲ့ကြောင်း ၊ ရထားပေါ်တွင် ခရီးသည်ပေါင်း ၇၈ ဦး နှင့် ဝန်ထမ်း ၅ ဦး လိုက်ပါခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ခရီးသည် အချို့ဒဏ်ရာရရှိကြောင်း သိရှိခဲ့ရပြီး အခင်းဖြစ်ပွား ရသည့် အကြောင်းရင်း နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေကြောင်း ပါဝင် ခဲ့သည်။

အခင်းဖြစ်ပွား ခဲ့သောဒေသရှိ ရဲတပ်ဖွဲ့မှု က ရထားတွဲချော်မှု သည် ဒီဇင်ဘာ ၁၈ ရက်နေ့ ၇ နာရီ မိနစ် ၄၀ ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ ရထားတွဲချော်မှုကြောင့် လူအများအပြား သေဆုံးဒဏ်ရာရရှိခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း အတည်ပြုပြောကြား ခဲ့သည်။

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ အခင်းဖြစ်ပွား ခဲ့သည့် ရထားလမ်းပိုင်း သည် အသစ် စတင် အသုံးပြုသော ရထားလမ်းပိုင်းဖြစ်ကာ အခင်းဖြစ်ပွား ချိန်တွင် ရထားသည် တစ်နာရီလျင် ၁၃၀ ကီလိုမီတာ နှုန်းခန့်ဖြင့် ခုတ်မောင်း ခဲ့ကြောင်း ၊ ရထားတွဲချော်မှုကြောင့် ယင်းလမ်းပိုင်းကို ယာယီ ပိတ်သိမ်းခဲ့ပြီး လက်ရှိချိန်တွင် လူပေါင်း ၆ ဦး သေဆုံးခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.