Connect with us

North America

ထရမ့်က မြောက်ကိုရီးယား၊ ဗင်နီးဇွဲလာ နှင့် ချဒ် နိုင်ငံတို့အပေါ် ပြည်ဝင်ခွင့်ပိတ်ပင်

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်အားတွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က အရှေ့အာရှ တွင် မြောက်ကိုရီးယားနိုင်ငံ၊ လက်တင်အမေရိကတွင် ဗင်နီးဇွဲလားနိုင်ငံ နှင့် အာဖရိကအလယ်ပိုင်းတွင် ချဒ်နိုင်ငံ မှ ခရီးသွားများအပေါ် ပြည်ဝင်ခွင့်အား စက်တင်ဘာ ၂၃ ရက်တွင် ပိတ်ပင်တားမြစ်ခဲ့ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် စက်တင်ဘာ ၂၃ ရက်တွင် ပြည်ဝင်ခွင့်ပိတ်ပင်သော အမိန့်သက်တမ်းကုန်ဆုံးမည့် နိုင်ငံ ခြောက်နိုင်ငံ အနက် ငါးနိုင်ငံဖြစ်သည့် အီရန်၊ လစ်ဗျား၊ ဆိုမာလီ၊ ဆီးရီးယား နှင့် ယီမင် နိုင်ငံတို့အပေါ် ပိတ်ပင်မှုသက်တမ်းအား ထပ်မံတိုးမြှင့်ခဲ့ပြီး ကျန်တစ်နိုင်ငံဖြစ်သည့် ဆူဒန်နိုင်ငံအပေါ် ပိတ်ပင်မှုကို ပယ်ဖျက်ပေးခဲ့ကြောင်း သိရသည်။

အသစ်ထုတ်ပြန်လိုက်သော တားမြစ်ချက်များသည် အောက်တိုဘာ ၁၈ ရက်တွင် အကျိုးသက်ရောက်မှု ရှိလာနိုင်မည်ဟု ခန့်မှန်းရသော်လည်း တိကျမှုမရှိသေးကြောင်း သမ္မတ၏ ပြောကြားချက်အရသိရသည်။သတ်မှတ်စံချိန်စံညွှန်းအသစ်များသည် သက်ဆိုင်ရာနိုင်ငံများက ၎င်းတို့နိုင်ငံသားများ၏ အီလက်ထရောနစ် နိုင်ငံကူးလက်မှတ်များတွင် ၎င်းတို့သည် အကြမ်းဖက်မှုနှင့် ဆက်စပ်နေခြင်းရှိ၊မရှိ (သို့) ရာဇဝတ်မှုနောက်ကြောင်း ဆိုင်ရာ သတင်းအချက်အလက်များကို ထည့်သွင်းပေးခြင်း (သို့) မျှဝေပေးခြင်းတို့ကို ပြုလုပ်ခြင်း၊ မပြုလုပ်ခြင်းအပေါ် အခြေခံထားကြောင်း အစိုးရအဖွဲ့ကပြောကြားခဲ့သည်။

ထရမ့်က အမေရိကန်သမ္မတတစ်ယောက်အနေဖြင့် အမေရိကန်နိုင်ငံ နှင့် ပြည်သူများ၏ အကျိုးစီးပွား နှင့် လုံခြုံရေးကို ကာကွယ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ပြည်ဝင်ခွင့်ပိတ်ပင်မှုအသစ်များ မထုတ်ပြန်ခင် ရက်အနည်းငယ်အလို၌ လန်ဒန်မြို့မြေအောက်ဘူတာရုံတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ပိုမိုတင်းကျပ်သည့် ပြည်ဝင်ခွင့်ပိတ်ပင်မှုတစ်ခု ပြုလုပ်သွားမည်ဖြစ်ကြောင်း ထရမ့်ကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.