Connect with us

North America

မက္ကဆီကို နိုင်ငံ တွင် ရဲတပ်ဖွဲ့ နှင့် ဒုစရိုက် အဖွဲ့ တို့ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ ၁၄ ဦး သေဆုံး

မက္ကဆီကို နိုင်ငံ ရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင် များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မက္ကဆီကိုစီးတီး ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

မက်စီကို နိုင်ငံ Chihuahua ပြည်နယ် လုံခြုံရေး ကော်မတီ က ဒေသတွင်း ရဲတပ်ဖွဲ့ နှင့် ဒုစရိုက် အဖွဲ့အစည်း တို့ အကြား ကြီးမားသည့် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ပြီး ၁၄ ဦး သေဆုံး ခဲ့ကြောင်း ဇူလိုင် ၅ ရက်နေ့၌ အတည်ပြု ပြောကြား ခဲ့သည်။

Chihuahua ပြည်နယ် လုံခြုံရေး ကော်မတီ မှ တာဝန်ရှိသူ တစ်ဦး က ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်း အချိန်တွင် Chihuahua ပြည်နယ် Madeira မြို့ တွင် တိုက်ခိုက်မှု နှစ်ခု ဖြစ်ပွား ခဲ့ကြောင်း ၊ ပထမ တိုက်ခိုက်မှု တစ်ခု တွင် ဒုစရိုက် အဖွဲ့ဝင် ၆၀ ဦး ခန့်သည် တစ်ဘက်နှင့်တစ်ဘက် တိုက်ခိုက်ခဲ့ကြကြောင်း ၊ ထိုနောက်တွင် ရဲတပ်ဖွဲ့ မှ အခင်းဖြစ်ပွားရာ နေရာ သို့ ရောက်ရှိခဲ့ပြီး ဒုစရိုက် အဖွဲ့ဝင် များနှင့် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ကြောင်း ၊ တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၄ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ၊ ရဲတပ်ဖွဲ့ မှ ကား ၁၀ စင်း ၊ သေနတ်အလက် ၂၀ ကျော် နှင့် လက်ပစ်ဗုံးအချို့ တို့ကို သိမ်းစည်း ရရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့၌လည်း Madeira မြို့ တွင် ရဲတပ်ဖွဲ့ နှင့် ဒုစရိုက် အဖွဲ့ တို့တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.