Connect with us

North America

အမေရိကန် အရာရှိများ ဆူဒန်နိုင်ငံသို့ ပြည်ဝင်ခွင့် ငြင်းပယ်ခံရ

အမေရိကန် ပတ်စပို့ စာအုပ်အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဒါတော်မ်၊ မေ ၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အစိုးရ အရာရှိများ၏ ပြည်ဝင်ခွင့် ဗီဇာများအား ဆူဒန်နိုင်ငံက ငြင်းပယ်လိုက်ကြောင်း ဆူဒန် အစိုးရက မေလ ၁ ရက်က Tribune သတင်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က ဆူဒန်နိုင်ငံ အရာရှိများ၏ ပြည်ဝင်ခွင့် များအား အမေရိကန်က ငြင်းပယ်ခဲ့ပြီး နောက် အလားတူ တုံ့ပြန်သည့် အနေဖြင့် အမေရိကန် အရာရှိများ၏ ပြည်ဝင်ခွင့်များအား ဆူဒန် အစိုးရက ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။
ဆူဒန်နိုင်ငံသို့ ဝင်ရောက်ရန် အမေရိကန် အရာရှိများ၏ ပြည်ဝင်ခွင့် လျှောက်ထားမှုမျာအား ဝါရှင်တန်ရှိ ဆူဒန် သံရုံးက လက်ခံ ရရှိခဲ့ပြီးနောက် အလားတူ တုံ့ပြန်မှုမျိုး ပြုလုပ်ရန် သံရုံးက ဆုံးဖြတ်ခဲ့ကြောင်း ဆူဒန်နိုင်ငံခြား ရေး ဝန်ကြီး ကာမဲလ် အစ္စမေးလ်၏ ပြောကြားချက်အား ကိုးကား၍ ဖော်ပြထားသည်။
ဗီဇာ ငြင်းပယ်လိုက်သည့် အမေရိကန် အရာရှိများ၏ အမည်အား ဝန်ကြီးက ထုတ်ဖော်ပြောကြားထားခြင်း မရှိသလို မည်သည့် အကြောင်းကြောင့် ဆူဒန်နိုင်ငံသို့ ဝင်ရောက်ခွင့် လျှောက်ထားသည့် အကြောင်းကိုလည်း ပြောကြားထားခြင်း မရှိပေ။
ပြီးခဲ့သည့် ရက်သတ္တပတ်က ကမ္ဘာ့ မူးယစ်ဆေးဝါး ပြဿနာ ဆိုင်ရာ ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ရန် ဆူဒန် ပြည်ထဲရေး ဝန်ကြီး အစ္စမတ် အက်ဒဲလ် ရာမန်၏ ပြည်ဝင်ခွင့် ဗီဇာအား အမေရိကန်က ငြင်းပယ်ခဲ့သည်။
၂၀၁၃ ခုနှစ် စက်တင်ဘာလတုန်းကလည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်မည့် ဆူဒန် သမ္မတ အိုမာ အယ်လ်-ဘက်ရှီယာ၏ ပြည်ဝင်ခွင့်အား အမေရိကန် အစိုးရက ငြင်းပယ်ခဲ့သည်။
၁၉၉၇ ခုနှစ်တွင် အကြမ်းဖက်မှု အားပေးသည့် နိုင်ငံအဖြစ် ဆူဒန်နိုင်ငံအား အမေရိကန်က ကြေညာခဲ့ပြီး ပိတ်ဆို့မှုများလည်း ပြုလုပ်ခဲ့သလို ဆူဒန်- အမေရိကန် ဆက်ဆံရေးလည်း တင်းမာလာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.