Connect with us

North America

၃၈ နှစ်ကျော် ကြာပြီးနောက် ပထမဆုံး အမေရိကန် သင်္ဘော ကျူးဘားသို့ဝင်ရောက်ခွင့်ပြု

အမေရိကန် ဇိမ်ခံသင်္ဘော Carnival Corp.'s Adonia ကျူးဘား ကမ်းခြေသို့ဦးတည် မောင်းနှင်လာစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ မေ ၂ ရက် (ဆင်ဟွာ)

နှစ်ပေါင်း ၃၈ နှစ်ကျော် ကြာခဲ့ပြီးနောက် ၂ဝ၁၆ ခုနှစ် မေ ၁ ရက်တွင် အမေရိကန် နိုင်ငံ၏ ဇိမ်ခံ သင်္ဘော တစ်စင်းသည် ကျူးဘား နိုင်ငံသို့ ပထမဆုံး ဦးတည် မောင်းနှင်သွားပြီ ဖြစ်သည်။

Carnival Corp.’s Adonia အမည်ရ ဇိမ်ခံ သင်္ဘောကြီးသည် ခရီးသည် ၇ဝ၄ ဦးကို တင်ဆောင်ကာ မေလ ၁ ရက် ညနေပိုင်းတွင် အမေရိကန် နိုင်ငံ မီယာမီ ကမ်းခြေမှ စတင် ထွက်ခွာပြီး ကျူးဘား နိုင်ငံ ဟားဗားနား ကမ်းခြေသို့ဦးတည် မောင်းနှင်သွားခဲ့ခြင်း ဖြစ်သည်။ သင်္ဘောပေါ်တွင် ကျူးဘား နိုင်ငံဖွား ခရီးသည်များလည်း လိုက်ပါလာကြောင်း သိရသည်။
၇ ရက်ကြာ ခရီးစဉ် အတွင်း သင်္ဘောကြီးသည် ကျူးဘားနိုင်ငံ တောင်- အလယ်ပိုင်းရှိ Cienfuegos ဆိပ်ကမ်း နှင့် အနောက်တောင်း ပိုင်းရှိ Santiago ဆိပ်ကမ်းများကို လည်ပတ်သွားရန် ရှိနေသည်။ ကာနီဗယ် သင်္ဘောသည် ၎င်း၏ အသစ်စက်စက် ရေနက်သုံး ဒလက်ဆယ်ခု ဖြင့် မောင်းနှင်ရန် စီစဉ်ထားသည်။
သင်္ဘော ကုမ္ပဏီ၏ အဆိုရ Adonia သည် အခြား ရက်သတ္တပတ်များတွင်လည်း မီယာမီ မှ ကျူးဘားသို့ ခရီးသည်များ ပို့ဆောင်ပေးရန် ရှိနေသည်။ “ အခုသွားနေတဲ့ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်က တဆင့် ကျူးဘား ပြည်သူတွေနဲ့ ထိတွေ့ ဆက်ဆံနိုင်မယ့် အခွင့်အရေးပေါ့” ဟု ကုမ္ပဏီက ဆိုသည်။ ကျူးဘား နွယ်ဖွားများ နိုင်ငံတွင်းသို့ရေကြောင်းမှ တဆင့် လာရောက် လည်ပတ်ခြင်းကို ကျူးဘား အစိုးရက ကန့်သတ် လိုက်သည့် အချိန်ကတည်း သင်္ဘော ခရီးစဉ်များ ရပ်ဆိုင်း ခဲ့ရသည်။ အမေရိကန်နိုင်ငံ မှ ကျူးဘားသို့နောက်ဆုံး သင်္ဘော ဝင်ရောက်မှုမှာ ၁၉၇၈ ခုနှစ် ဖြစ်သည်။
အမေရိကန် နိုင်ငံ သမ္မတ ဘားရက် အိုးဘားမား၏ မတ်လ ၂ဝ ရက်မှ ၂၂ ရက်ထိ ကျူးဘားနိုင်ငံ အလည်အပတ် ခရီးစဉ်အပြီး အမေရိကန် သင်္ဘောများ ကျူးဘား နိုင်ငံသို့အလည်အပတ် လာခွင့်ကို မေလ ၁ ရက်တွင် ကျူးဘားနိုင်ငံ ဘက်က မီးစိမ်း ပြခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့အကြီးဆုံး ဇိမ်ခံ သင်္ဘော ထုတ်လုပ်သည့် ကာနီဗယ် ကုမ္ပဏီသည် ၎င်း၏ သင်္ဘောကို ကျူးဘား နိုင်ငံသို့ အလည်အပတ် ခရီးသွားခွင့်ပြုရန် ၂ဝ၁၅ ခုနှစ် ဂျူလိုင်လက အမေရိကန် အစိုးရထံ ခွင့်ပြုမိန့်တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.