Connect with us

North America

၂ဝ၁၇ ခုနှစ်တွင် ကျူးဘားနိုင်ငံသို့ကမ္ဘာလှည့်ခရီးသွား စံချိန်တင် ၄ သန်းကျော် ဝင်ရောက်ခဲ့


ဟာဗားနား ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ)

ကျူးဘားနိုင်ငံ၌ ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၆ ရက်အထိ ကမ္ဘာလှည့်ခရီးသွား ၄ သန်းကျော် ဝင်ရောက်ခဲ့ပြီးဖြစ်ရာ ၂ဝ၁၆ ခုနှစ်ကထက် အချိန် ၅၄ ရက်ကြာ စော၍ ခရီးသည်ဝင်ရောက်မှု ၄ သန်းပြည့်မီခဲ့ခြင်းဖြစ်ကြောင်း ကျူးဘားနိုင်ငံခရီးသွားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ရလဒ်သည် ခရီးသည်ဝင်ရောက်မှုအများဆုံးဖြစ်ခဲ့သည့် နိုဝင်ဘာလတွင် အစပြုခဲ့ခြင်းဖြစ်ပြီး “ ကျူးဘားနိုင်ငံကို လာရောက်လည်ပတ်ဖို့ရွေးချယ်သူတွေရဲ့ အရေအတွက်ဟာ ဆက်လက်မြင့်တက်လာနေပါတယ်” ဟု ဝန်ကြီးဌာနက ဆိုသည်။ပြီးခဲ့သော နိုဝင်ဘာ ၁ ရက်တွင် ကျူးဘားနိုင်ငံက ကမ္ဘာလှည့်ခရီးသွားအများဆုံးဝင်ရောက်သော ခရီးသွားရာသီအဖြစ် ဖွင့်လှစ်ခဲ့ပြီး နိုင်ငံမြောက်ပိုင်း၏ အဓိကခရီးသွားနေရာများဖြစ်သော ဟာရီကိန်းမုန်တိုင်းဒဏ်ကို အပြင်းအထန်ခံစားခဲ့ရသည့် Santa Maria ၊ Guillermo နှင့် Coco တို့အပါအဝင် ခရီးသွားနေရာအားလုံးမှာ သွားလာလည်ပတ်ရန်အတွက် အသင့်အနေအထားဖြစ်နေပြီဖြစ်ကြောင်း သိရသည်။

ကျူးဘားနိုင်ငံဟာဗာနားမြို့၌ ကာနေဗယ်ပွဲတော် ဆင်နွှဲနေစဉ်(ဆင်ဟွာ)

ကျူးဘားနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် နိုင်ငံခြားဝင်ငွေရှာဖွေပေးသော ဒုတိယအကြီးဆုံးအရင်းအမြစ်ဖြစ်ပြီး ၂ဝ၁၆ ခုနှစ်တွင် ခရီးသည်ဝင်ရောက်မှု ၄ သန်းအထိ ရှိခဲ့ကြောင်း သိရသည်။ ၂ဝ၁၇ ခုနှစ်တွင် ခရီးသွားဧည့်သည် ၄.၇ သန်းအထိ ဝင်ရောက်ရန် နှင့် ၂ဝ၁၈ ခုနှစ်တွင် ၅ သန်းအထိ ဝင်ရောက်ရန် ပစ်မှတ်ထား ရည်မှန်းထားကြောင်း သိရသည်။ကျူးဘားနိုင်ငံသို့ ကနေဒါနိုင်ငံမှ ခရီးသည်အများဆုံးဝင်ရောက်ခဲ့ပြီး စုစုပေါင်းကမ္ဘာလှည့်ခရီးသွားအားလုံး၏ ၃၄ ရာခိုင်နှုန်းအထိ ရှိကြောင်း သိရသည်။(Xinhua)