Connect with us

North America

ဆေးရုံအတွင်း ဖမ်းဆီးခံထားရသည့် ဓားစာခံများအား ချီကာဂို ရဲတပ်ဖွဲ့ကယ်ဆယ်

ချီကာဂိုမြို့ အထူးရဲတပ်ဖွဲ့ဝင်တစ်ဦးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ချီကာဂို၊ ဇွန် ၈ ရက် (ဆင်ဟွာ)

ချီကာဂို ရဲတပ်ဖွဲ့ သည် လူသတ်မှုတစ်ခု၌တရားခံအဖြစ် အပြစ်ပေးခံထားရသည့် လူသတ်သမားအား ဇွန်လ ၇ ရက်က လွတ်မြောက်ရန် ကြိုးစားမှုတစ်ခုတွင် နှိမ်နင်းနိုင်ခဲ့ပြီ ၎င်းအားကုသမှုပေးနေသည့် ဆေးရုံမှ ဓားစာခံ ၂ဦးကိုလည်း ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

လူသတ်မှုကြောင့် ထောင်ဒဏ် နှစ် ၁၀၀ချမှတ်ခံထားရသည့် Joshua Matthews အား ဆေးကုသမှုပေးရန်အတွက် ဇွန် ၆ ရက်တွင် Presence St. Joseph ဆေးကုသမှုစင်တာသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၇ရက် အစောပိုင်းနာရီများတွင် တရားခံသည် လက်လုပ်လက်နက်တစ်မျိုးဖြင့် ၎င်းအားစောင့်ကြပ်နေသည့် ထောင်ဝန်ထမ်းတစ်ဦး နှင့် လက်ထောက်သူနာပြုတစ်ဦးအား ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

ဒေသခံရဲတပ်ဖွဲ့၏ တုံ့ပြန်ဆောင်ရွက်မှုကြောင့် အခင်းဖြစ်ပွားပြီး တစ်နာရီမကြာခင်ပင် ပြစ်မှုကျူးလွန်သူအား ထိန်းသိမ်းထားနိုင်ခဲ့ပြီး အခြေအနေကိုလည်း ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း နှင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းဖြစ်ရပ်သည် တစ်လအတွင်း နေထိုင်မကောင်း၍ ဆေးကုသမှုခံယူနေသော အကျဉ်းသားက ပြန်ပေးဆွဲသည့် ဒုတိယမြောက်ဖြစ်ရပ်ဖြစ်ကြောင်း သိရသည်။

မေလ ၁၃ ရက်ကလည်း အကျဉ်းသားငယ် တစ်ဦးသည် ၎င်းအား စောင့်ကြပ်နေသော ထောင်ဝန်ထမ်းတစ်ဦး ၏ သေနတ်ဖြင့် အမျိုးသမီး ဆေးရုံဝန်ထမ်းတစ်ဦးအား ပြန်ပေးဆွဲခဲ့ပြီး အထူးရဲတပ်ဖွဲ့ နှင့် ညှိနှိုင်းမှုပြုလုပ်ရာ အောင်မြင်မှုမရှိပဲ ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.