ဝါရှင်တန် ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန ၏ သြဂုတ်လ ၁၅ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် အချက်အလက် များအရ ဇွန်လပိုင်းတွင် တရုတ် နိုင်ငံ က အမေရိကန် နိုင်ငံ ၏ ငွေတိုက်စာချုပ် စုစုပေါင်း...
ဝါရှင်တန် ၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဂျိမ်စ်းမက်တစ်က မြောက်ကိုရီးယားနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံအား ပစ်ခတ်မှုများ ပြုလုပ်လာပါက အခြေအနေသည် စစ်ပွဲကြီးထဲသို့လျင်မြန်စွာ ဝင်ရောက်သွားနိုင်ကြောင်း သြဂုတ်လ ၁၄ ရက်တွင်ပြောကြားခဲ့သည်။
ဝါရှင်တန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဝစ်ကွန်စင်ပြည်နယ်တွင် ကျင်းပနေသည့် Great Lakes Dragway ကားပြိုင်ပွဲ တစ်ခု၌ အမျိုးသား သုံးဦး သေနတ်ပစ်ခံရကာ သေဆုံးခဲ့ကြောင်း၊ သေနတ်ပစ်ခတ်သူအား မသိရသေးကြောင်းနှင့် မည်သည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သည်ကို မသိရသေးကြောင်း ဒေသခံ မီဒီယာက ဖော်ပြထားသည်။
ဟူစတန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ် တွင် သြဂုတ် ၁၃ ရက်က အန္တရာယ်ရှိပစ္စည်းများ တင်ဆောင်လာသော ရထားတစ်စီး လမ်းချော်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
ဟူစတန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) မက္ကဆီကို နယ်စပ်နှင့် ထိစပ်နေသည့် အမေရိကန်မြို့တစ်မြို့တွင် သြဂုတ် ၁၄ရက် နေ့လည်ပိုင်းက ကားနောက်တွဲတစ်ခုအတွင်း တရားဝင်စာရွက်စာတမ်းများ မပါရှိသည့် ရွှေ့ပြောင်းနေထိုင်သူအုပ်စု တစ်စုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ဘဂ္ဂဒက် ၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ ကာကွယ်ရေးဝန်ကြီး ဌာန က သြဂုတ်လ ၁၃ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အမေရိကန် နိုင်ငံ တပ်ဖွဲ့ မှ အီရတ် နိုင်ငံ မြောက်ပိုင်းတွင် စစ်ဆင်ရေး ဆောင်ရွက်ခဲ့ရာတွင် အမေရိကန်...
ဝါရှင်တန် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် Charlottesville မြို့၌ လူဖြူအမျိုးသားရေးဝါဒီများ နှင့် လက်ယာယိမ်းဝါဒီများက သြဂုတ်လ ၁၁ ရက်တွင် စုဝေးဆန္ဒပြခဲ့ကြပြီး ယင်းလုပ်ရပ်အပေါ် သမ္မတ ဒေါ်နယ်ထရမ့်က ကန့်ကွက် ရှုတ်ချလိုက်ကြောင်း သိရသည်။
ဝါရှင်တန် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် Charlottesville မြို့အနောက်တောင်ဘက် ၁၁ ကီလိုမီတာ( ၇-မိုင်)အကွာ ၌ သြဂုတ်လ ၁၂ ရက် ညနေပိုင်းက ရဟတ်ယာဉ်တစ်စင်းပျက်ကျမှုဖြစ်ပွားခဲ့ရာ လူ ၂ ဦးသေဆုံးသွားကြောင်း သိရသည်။
ပေကျင်း၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ယနေ့ (သြဂုတ်လ ၁၂ ရက်) တယ်လီဖုန်းဖြင့် ပြောဆိုရာတွင် ကိုရီးယားကျွန်းဆွယ် နျူကလီးယားအရေးနှင့် ပတ်သက်၍ ကန့်သတ်မှုများ လုပ်ဆောင်ရန် သက်ဆိုင်ရာနိုင်ငံများအား တိုက်တွန်းပြောကြားလိုက်ကြောင်း သိရသည်။ သက်ဆိုင်ရာ...
ဝါရှင်တန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အိမ်ဖြူတော် အနီးရှိ ထရမ့် နိုင်ငံတကာ ဇိမ်ခံဟိုတယ်က ယခုနှစ် ပထမ လေးလအတွင်း အသားတင် အမြတ်ငွေ ၁.၉၇ သန်း ရရှိခဲ့ကြောင်း လတ်တလော ထုတ်ပြန်ထားသည့် ဖက်ဒရယ် အချက်အလက်များအရ သိရသည်။