Connect with us

North America

မက္ကဆီကိုရဲတပ်ဖွဲ့က စွန့်ပစ်လေယာဉ်တစ်စင်းပေါ်မှ ဆေးခြောက် ၄၂၉ ကီလိုဂရမ်သိမ်းဆည်းရမိ

၂ဝ၁၆ ခုနှစ်က မက္ကဆီကိုနိုင်ငံ၌ စွန့် ပစ်လေယာဉ်တစ်စင်းပေါ်မှ မူးယစ်ဆေးဝါးများအား သိမ်းဆည်းရမိစဉ်(ဓာတ်ပုံ-အင်တာနက်)

မက္ကဆီကိုစီးတီး၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)

မက္ကဆီကိုအာဏာပိုင်များက နိုင်ငံအနောက်မြောက်ပိုင်း Sinaloa ပြည်နယ်၌ ဆေးခြောက် ၄၂၉ ကီလိုဂရမ် တင်ဆောင်ထားသော စွန့်ပစ်လေယာဉ်ငယ်တစ်စင်းကို သိမ်းဆည်းရမိခဲ့ကြောင်း ရှေ့နေချုပ်ရုံး(FGR) က ဧပြီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့နှင့် စစ်သားများသည် Sinaloa ပြည်နယ် မြောက်ပိုင်းကမ်းရိုးတန်းတွင် တည်ရှိသော Baturi မြို့ နှင့် Playa Colorada မြို့အကြား ကင်းလှည့်နေစဉ်အတွင်း Angostura ကမ်းခြေတွင် စွန့်ပစ်ထားသော လေယာဉ်တစ်စင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

FGR မှ ထုတ်ပြန်သော ဓာတ်ပုံများအရ ရှုပ်ပွညစ်နွမ်းနေသည့် ကွင်းပြင်ကြီးတစ်ခုထဲတွင် လျှို့ဝှက်ဖောက်လုပ်ထားပုံရသည့် လေယာဉ်ပြေးလမ်းများအနက် ပြေးလမ်းတစ်ခုပေါ်တွင် ရပ်နားထားသော လေယာဉ်ငယ်ကို ရဲအရာရှိများက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ပြည်နယ်တာဝန်ရှိသူများသည် ဆေးခြောက် ၄၂၉ ကီလိုဂရမ်ထည့်ထားသည့် အထုတ်ပေါင်း ၄၇ ထုတ်ကို တင်ဆောင်ထားသော စွန့်ပစ်လေယာဉ်ကိစ္စနှင့်ပတ်သက်၍ ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးရန် အမှုဖွင့်ထားကြောင်း FGR က ဆိုသည်။

မူးယစ်မှောင်ခိုသမားများသည် တောင်ထူထပ်သော “ရွှေတြိဂံဒေသ” ဟု လူသိများသည့် Sinaloa ၊ Chihuahua နှင့် Durango ပြည်နယ်များတွင် လေယာဉ်ငယ်များကို အသုံးပြု၍ မူးယစ်ဆေးဝါးများကို သယ်ဆောင်နေကြကြောင်း မက္ကဆီကိုအာဏာပိုင်များက ယခင်က ပြောဆိုခဲ့ဖူးသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.