Connect with us

North America

ယီမင်၌ ဆော်ဒီဦးဆောင်သောစစ်ပွဲအား အမေရိကန်ထောက်ပံ့မှုအဆုံးသတ်ရန် ကွန်ဂရက်၏ဆုံးဖြတ်ချက်အား သမ္မတထရမ့် ဗီတိုဖြင့်ပယ်ချ

ပွာတိုမွန့် မြို့ မြင်ကွင်းတစ်ရပ်အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဧပြီလ ၁၇ ရက်(ဆင်ဟွာ)

ယီမင်၌ ဆော်ဒီဦးဆောင်သောညွန့်ပေါင်းတပ်ဖွဲ့များ၏ စစ်ပွဲအား အမေရိကန်က ထောက်ပံ့နေမှုကို အဆုံးသတ်ရန်တောင်းဆိုသော အမေရိကန်ကွန်ဂရက်၏ ဆုံးဖြတ်ချက်အား အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီလ ၁၆ ရက်တွင်ဗီတိုအာဏာသုံး၍ပယ်ချခဲ့ကြောင်းသိရသည်။

ဒေါ်နယ်ထရမ့်က အဆိုပါဆုံးဖြတ်ချက်ကလိုအပ်မှုမရှိသည်သာမက သမ္မတ၏ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ လုပ်ပိုင်ခွင့်များက ိုအားနည်းစေမည ်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံသားများနှင့် ရဲရင့်သောစစ် သည်များကိုလည်းအသက်အန္တရာယ်ဖြစ်စေကြောင်း ပြောကြားခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်အား မတ်လအတွင်း အထက်လွှတ်တော်က မဲ ၅၄ မဲ တွင ်ထောက်ခံမဲ ၄၆ မဲဖြင့် လည်းကောင်း၊အောက်လွှွှတ်တော်က မဲ ၂၄၇ မဲတွင် ၁၇၅ မဲဖြင့်လည်းကောင်းအတည်ပြုခဲ့ကာ အမေ ရိကန်တပ်ဖွဲ့များအနေဖြင့် အယ်လ်ကေးဒါးအကြမ်းဖက်တို့အား တိုက်ခိုက်နေခြင်းမဟုတ်ပါက တိုက်ပွဲ များဖြစ်ပွားနေသည့်နေရာများမ ှ(သို့မဟုတ်) ယီမင်နိုင်ငံအတွင်း တိုက်ခိုက်မှုများ အကျိုးသက်ရောက် သည့်နေရာများမှ ရက် ၃၀ အတွင်းပြန်လည်ဆုတ်ခွာရန် သမ္မတအားညွှန်ကြားခဲ့သည်။

သို့သော်အထက်လွှတ်တော် သာမက အောက်လွှတ်တော်၏ ထောက်ခံမဲအရေအတွက်က သမ္မတ၏ ဗီတိုအသုံးပြုမှုကို ရပ်ဆိုင်းနိုင်ရန်လုံလောက်ခြင်းမရှိပေ။ထရမ့် အနေဖြင့် ၎င်း၏သမ္မတသက်တမ်းတွင် ဤကဲ့သို့ဗီတိုအာဏာသုံးပယ်ချမှုကယခုအကြိမ်မှာဒုတိယမြောက်ဖြစ်ကြောင်းလည်းသိရသည်။၎င်းက မတ်လအတွင်း တွင် နယ်စပ်အုတ်တံတိုင်းကာရံရန်အတွက် ၎င်း၏ အမျိုးသားအရေးပေါ်အခြေအနေ ကြေညာမှုအား ပိတ်ဆို့ရန်ကွန်ဂရက်၏ ဆုံးဖြတ်ချက်ကိုလည်း ဗီတိုဖြင့်ပယ်ချခဲ့သေးသည်။

ယီမင်နိုင်ငံတွင် ဟူသီသူပုန်များက သမ္မတ အက်ဘ်-ရတ်ဘူး မန်ဆိုး(Abd-Rabbu Mansour) အား ပြည်ပသို့နှင်ထုတ်၍ မြို့တော် ဆာနာနှင့် ဟိုဒေဒါမြို့များအပါအဝင် နိုင်ငံမြောက်ပိုင်းနယ်မြေအများစု ကိုသိမ်းပိုက်ခဲ့သည်မှစ၍ ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များက သမ္မတ အက်ဘ်-ရတ်ဘူး မန်ဆိုး ကိုထောက်ခံရန်ယီမင်အရေးတွင်ပါဝင်စွက်ဖက်ကာ လေကြောင်းတိုက်ခိုက်မှုများပြုခဲ့သည်။

ယီမင်နိုင်ငံ တွင် လေးနှစ်ကြာပြည်တွင်းစစ်အတွင်း လူ ၁၀,၀၀၀ ကျော်သေဆုံးခဲ့ရရာအများစုမှာအရပ် သားများဖြစ်ကြပြီးလူသုံးသန်းခန့်မှာလည်းအိုးအိမ်များစွန့်၍ထွက်ပြေးခဲ့ကြရသဖြင့်နိုင်ငံအနေဖြင့်လည်း အငတ်ဘေးဒုက္ခနှင့်ကြုံတွေ့နေရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117