ယူနန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုသို့ အာရှတောဆင်ရိုင်းတစ်ကောင် ရောက်ရှိလာပြီး အကာအရံများကို တည်တည်ငြိမ်ငြိမ် ရှောင်ကွင်းကာ အေးအေးလူလူ ပြန်လည်ထွက်ခွာသွားပြီးနောက် အဆိုပါ စစ်ဆေးရေးဂိတ်မှ အရာရှိများက “သူ့ကို မှတ်ပုံတင်စစ်ဆေးလိုက်ရမှာ” ဟု အရွှန်းဖောက်ကာ ပြောဆိုခဲ့သည်။ (Xinhua) ………………… (English...
ယူနန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) မကြာသေးမီက ကျရောက်ခဲ့သည့် သင်္ကြန်ကာလအတွင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူအယ်မြို့ ရှီးမုန် ဝလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ရှိ တိုင်လူမျိုး ကျေးရွာတစ်ခုတွင် “တိုင်းရင်းသားစည်းလုံးညီညွတ်ရေး စားပွဲရှည်ထမင်းဝိုင်း” ကို ကျင်းပခဲ့သည်။ ဝါးစားပွဲရှည်ပေါ်တွင် လားဟူရိုးရာ ဝက်သားဟင်း၊ အမဲသား ဆာဖြယ်၊ ဝလူမျိုးရိုးရာဆန်ပြုတ်နှင့်...
ယူနန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) မကြာသေးမီရက်က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီနယ်စပ်စစ်ဆေးရေးဂိတ်သည် မြန်မာနိုင်ငံသား ခရီးသွားဧည့်သည်တစ်ဦး ခြေထောက်ကျိုး၍ ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း၊ ဒေသန္တရဆေးကုသမှုဆိုင်ရာအခြေအနေများမှာ အကန့်အသတ်ရှိသဖြင့် တရုတ်ပြည်သို့ ဝင်ရောက်၍ ဆေးကုသမှုခံယူရန် အရေးပေါ်လိုအပ်ကြောင်း အကူအညီတောင်းခံမှုတစ်ခု လက်ခံရရှိခဲ့သည်။ အဆိုပါ စစ်ဆေးရေးဂိတ်သည် “အရေးပေါ် လမ်းကြောင်း”...
ပေကျင်း၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) “စိမ်းစိုသော နွေဦးတောင်တန်း၏ သီးနှံအထွက်တိုးသောမိုးရာသီ အကြိုကာလတွင် လူအများသည် မြူနှင်းများကြားက လက်ဖက်ညွန့်နုလေးများကို ဆွတ်ခူးရန် အလုပ်များနေကြပေသည်။” ၎င်းမှာ ထန်မင်းဆက်ခေတ် ကဗျာဆရာ ချီကျီ ရေးသားဖော်ပြခဲ့သည့် သီးနှံအထွက်တိုးသောမိုးရာသီ လက်ဖက်ခူးသည့် ပုံရိပ်ပင်ဖြစ်သည်။ သီးနှံအထွက်တိုး သောမိုးရာသီသည် လက်ဖက်ဆွတ်ခူးရန် အကောင်းဆုံးအချိန်ဖြစ်ပြီး...
ယူနန်၊ မတ် ၂၇ ရက် (ဆင်ဟွာ) ပထမအကြိမ် လန်ချန်း-မဲခေါင် နိုင်ငံများ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုပြိုင်ပွဲ ဗိုလ်လုပွဲကို မတ် ၁၇ ရက်မှ ၁၈ ရက်အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ကျင်းပခဲ့သည်။ အဆိုပါပြိုင်ပွဲကို “လန်ချန်း-မဲခေါင် စမတ်ပေါင်းစည်းမှုဖြင့် မျှဝေခံစားသော အနာဂတ်တစ်ခု ဖန်တီးခြင်း”...
ယူနန်၊ မတ် ၂၆ ရက် (ဆင်ဟွာ) နွေဦးရာသီတွင် ကမ္ဘာ့အမွေအနှစ်ဒေသဖြစ်သော တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူအယ်မြို့ရှိ ကျင်မိုက်တောင်ပေါ်တွင် နွေဦးလက်ဖက်ရွက် ရိတ်သိမ်းမှုများ စတင်ခဲ့ကြသည်။ လက်ဖက်စိုက်တောင်သူများက ခူးဆွတ်ခဲ့သော လတ်လတ်ဆတ်ဆတ်လက်ဖက်ရွက်များကို စိမ်းပြာရောင်အုတ်ကြွပ်ခေါင်းမိုးပေါ်တွင် ဖြန့်ထားပြီး ဝါးဆန်ကောများဖြင့် နေလှန်းကြခြင်းဖြစ်သည်။ Tilt-shift ပုံရိပ်ငယ်မြင်ကွင်းအောက်တွင် ခေါင်မိုးပေါ်ရှိ အခြောက်လှန်းနေရာများနှင့် အလုပ်လုပ်နေသူတို့...
ယူနန်၊ မတ် ၁ ရက် (ဆင်ဟွာ) မကြာသေးမီရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျောင်းထုန်းမြို့ လူတျန့်ခရိုင်တွင် ဓာတ်ပုံဝါသနာရှင်တစ်ဦးက အံ့မခန်းလှပသော တိမ်ပင်လယ်မြင်ကွင်းကို မှတ်တမ်းတင်ခဲ့သည်။ တိမ်နှင့် မြူများသည် ဝူမုန်တောင်တန်းများအကြား ဖြည်းဖြည်းချင်း ပျံ့လွင့်ကာ ခရိုင်မြို့၊ တောင်တန်းများနှင့် ကျေးရွာစုများကို နူးညံ့စွာ ဝန်းရံထွေးပွေ့ထားရာ သက်ဝင်လှုပ်ရှား၍ သိမ်မွေ့လှပသော...
ယူနန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) မကြာသေးမီရက်က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏားပြည်နယ်ခွဲ မုန်လာ့ခရိုင်ရှိ ဝမ့်ထျန်းဆုရှုခင်းသာဧရိယာတွင် ဓာတ်ပုံဆရာတစ်ဦးက အဝါရောင် တောရိုင်းသစ်ခွရှိခိုးကောင် (orchid mantis) တစ်ကောင်ကို ရိုက်ကူးမှတ်တမ်းတင်ခဲ့သည်။ ယင်းဒေသတွင် အများစုတွေ့ရလေ့ရှိသည်မှာ ပန်းရောင်သစ်ခွရှိခိုးကောင်ဖြစ်ပြီး အဝါရောင်မျိုးကွဲကို တွေ့ရရန် အတော်ပင် ရှားပါးလှသည်။ (Xinhua)...
ယူနန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) နွေဦးရာသီအစောပိုင်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ တာ့လီ ပိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ အယ်ယွမ်ခရိုင်ရှိ သဘာဝရေပူစမ်းများတွင် ရေနွေးငွေ့များ ပျံတက်နေပြီး စမ်းရေများ သက်ဝင်လှုပ်ရှားစီးဆင်းလျက်ရှိသည်။ ရေငွေ့မြူမှုန်များသည် စိမ်းပြာရောင်အုတ်ကြွပ်အမိုးနှင့် အဖြူရောင်နံရံများအကြား ပျံ့လွင့်နေသည့်ရှုမြင်ကွင်းမှာ နွေးထွေးနူးညံ့သိမ်မွေ့သည့် အိပ်မက်သဖွယ် လှပနေပေသည်။ Tilt-shift...
ယူနန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) တရုတ်နှစ်သစ်ကူးနွေဦးပွဲတော်ကာလအတွင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် မန်စီမြို့က တအာင်းတိုင်းရင်းသားရွာများဖြစ်သော ဆန်းထိုင်ဆန်းကျေးရွာစုရှိ ချူးတုန်းကွားကျေးရွာတွင် နွေဦးရာသီ အငွေ့အသက်များနှင့် ကြိုင်လှိုင်နေပေသည်။ နွေးထွေးသော နွေဦးလေပြေက တောတောင်များကို စိမ်းလန်းစေရုံသာမက ဒေသခံကျေးလက်ခရီးသွားလုပ်ငန်းကိုလည်း သက်ဝင်လှုပ်ရှားစေခဲ့သည်။ တောင်တန်းများကြားတွင် တည်ရှိသော ဤရှေးဟောင်း တအာင်းတိုင်းရင်းသားရွာသည် နှစ်သစ်အစတွင်...