ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် လက်ဘနွန်နိုင်ငံနှင့် အစ္စရေးနိုင်ငံအကြား လက်ရှိဖြစ်ပွားနေသော အခြေအနေနှင့် ပတ်သက်၍ အလေးအနက်စိုးရိမ်ကြောင်း၊ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ၏ အနီရောင်စည်းအား ချိုးဖောက်လျက် အရပ်သားများအပေါ် မဆင်မခြင် တိုက်ခိုက်မှုမှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက...
ပေကျင်း၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) အစ္စရေးနှင့် လက်ဘနွန် ဟစ်ဇ်ဘိုလာတို့၏ ပဋိပက္ခသည် စက်တင်ဘာ ၂၄ ရက်တွင် ဆက်လက် ဖြစ်ပွားခဲ့ရာ ပဋိပက္ခများ ဘက်စုံစစ်ပွဲအသွင်ပြောင်းလဲလာမည်ကို နိုင်ငံတကာအသိုက်အဝန်းက ကျယ်ကျယ်ပြန့်ပြန့် စိုးရိမ်လာကြသည်။ လက်ဘနွန်ကို “ဒုတိယ ဂါဇာ” ထပ်မဖြစ်စေရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နှင့်တကွ အီရန် သမ္မတတို့က...
ဂျေရုဆလမ်/ဘေရွတ်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခဖြစ်ပွားချိန်နှင့်တစ်ဆက်တည်း လက်ဘနွန်နိုင်ငံတွင်လည်း အစ္စရေး၏ အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသူအရေအတွက်မှာ ၄၉၂ ဦးအထိ မြင့်တက်လာခဲ့ပြီး ဒဏ်ရာရသူ အရေအတွက်မှာ ၁,၆၄၅ ဦးအထိ ရှိလာခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၃ ရက် ညပိုင်း၌ ပြောကြားခဲ့သည်။...
ဘေရွတ်/ဂျေရုဆလမ်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေးမြောက်ပိုင်းရှိ Ramat David လေတပ်အခြေစိုက်စခန်းနှင့် လေဆိပ်ကို စက်တင်ဘာ ၂၂ ရက်က ဒုံးကျည်ပစ်လွှတ်တိုက်ခိုက်ခဲ့ပြီး ၎င်းမှာ ထိုမတိုင်မီ လက်ဘနွန်ကို အစ္စရေး အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ခြင်းအပေါ် တုံ့ပြန်ခြင်း ဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။...
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) လက်ဘနွန်-အစ္စရေး အခြေအနေ အရှိန်အဟုန် တစ်ဆင့်တိုး မြင့်တက်လာနိုင်မှုအပေါ် အထူးစိုးရိမ်ကြောင်း၊ ဘက်ပေါင်းစုံက တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်းရှိကြရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက စက်တင်ဘာ ၂၀ ရက် လုံခြုံရေးကောင်စီ၏ လက်ဘနွန်-အစ္စရေး အခြေအနေ အရေးပေါ်...
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံ၏ နောက်ဆုံးအခြေအနေကို ဆွေးနွေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက စက်တင်ဘာ ၂၀ ရက်တွင် အရေးအပေါ်အစည်းအဝေး ကျင်းပခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) အစ္စရေးသည် ထောင်ပေါင်းများစွာသော ဆက်သွယ်ရေးကိရိယာများကို ဖောက်ခွဲပြီး လက်ဘနွန် နိုင်ငံသား ထောင်ပေါင်းများစွာကို သတ်ဖြတ်ရန် ကြိုးပမ်းခဲ့ကြောင်း၊ ၎င်းမှာ အနီရောင်စည်းအားလုံးကို ကျော်လိုက်ခြင်းဖြစ်ပြီး စစ်ကြေညာခြင်းနှင့် တူညီကြောင်း လက်ဘနွန်ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် Nasrallah က စက်တင်ဘာ ၁၉ ရက် မိန့်ခွန်းတွင်...
ဘေရွတ်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံတစ်ဝန်း စက်တင်ဘာ ၁၈ ရက်က ကြိုးမဲ့ဆက်သွယ်ရေးကိရိယာပေါက်ကွဲမှုများကြောင့် သေဆုံးသူအရေအတွက် ၁၄ ဦးအထိရှိလာကာ ဒဏ်ရာရသူဦးရေမှာလည်း ၄၅၀ အထိ မြင့်တက်လာခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ စက်တက်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက ဘေရွတ်မြို့ တောင်ဘက်ရပ်ကွက်နှင့် လက်ဘနွန်နိုင်ငံ...
ဘေရွတ်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံရှိ နေရာများစွာတွင် စက်တင်ဘာ ၁၇ ရက်က ရေဒီယိုလှိုင်းဖြင့် ဆက်သွယ်မှုကို ဖမ်းယူအသိပေးသောကိရိယာ ပေဂျာ (pager) ပေါက်ကွဲမှုများကြောင့် ဟစ်ဇ်ဘိုလာအဖွဲ့ဝင်များ အပါအဝင် လူ ၈ ဦးသေဆုံးပြီး အခြားသူ ၂,၈၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်...
ဂျေရုဆလမ်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံရှိ နေရာအချို့အား အစ္စရေးစစ်လေယာဉ်များက ညပိုင်းနှင့် နံနက်ပိုင်းတို့တွင် တိုက်ခိုက်ခဲ့သဖြင့် လူသုံးဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာအဖွဲ့က ဩဂုတ် ၂၁ ရက် နံနက်ပိုင်းတွင် အစ္စရေးနိုင်ငံ မြောက်ပိုင်းသို့ အနည်းဆုံး ရော့ကတ်ဒုံးကျည် အစင်း ၅၀ ဖြင့်...