ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၁-၂၀၂၅) အတွင်း ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး ချဉ်းကပ်မှုနည်းလမ်းကို အစဉ်တစိုက် လက်ကိုင်ပြုခဲ့ကာ ပြည်သူများ၏ လူမှုဘဝဖူလုံရေးအတွက် လက်တွေ့ကျသော အစီအမံများကို ကျင့်သုံးခဲ့သည်ဟု တရုတ်နိုင်ငံ အမျိုးသားစာရင်းအင်းဗျူရိုမှ တာဝန်ရှိသူ ဝမ်ကွမ့်ဟွာက ပြောကြားခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) လွန်ခဲ့သော ၇၅ နှစ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တည်ထောင်ခဲ့ပြီးနောက်ပိုင်း တရုတ်ပြည်သူများ၏ လူနေမှုအဆင့်အတန်းသည် ဝမ်းရေးဖူလုံရုံမျှရှိခဲ့ရာမှ ဘက်ပေါင်းစုံတွင် အတန်တင့် ကြွယ်ဝချမ်းသာသည့်အဆင့်သို့ တိုးတက်လာခဲ့ကြောင်း သိရသည်။ တရုတ်ပြည်သူများ၏ တစ်ဦးချင်း သုံးစွဲနိုင်သော ဝင်ငွေပမာဏသည် ၁၉၄၉ ခုနှစ်တွင် ၄၉.၇ ယွမ်...