Europe2 minutes ago
တရုတ်နိုင်ငံ၏ ခေတ်မီအသွင်ပြောင်းမှုက ကမ္ဘာကြီးအတွက် ဖွံ့ဖြိုးတိုးတက်မှု စံနမူနာသစ်ကို ပေးစွမ်းလျက်ရှိဟု မွန်တီနီဂရိုးနိုင်ငံ ဒုတိယဝန်ကြီးချုပ် ပြော
ဘဲလ်ဂရိတ်၊ မေ ၁၂ ရက် (ဆင်ဟွာ) “တရုတ်နိုင်ငံ၏ ခေတ်မီအသွင်ပြောင်းမှုဟာ စီးပွားရေးအရ အံ့မခန်းဖြစ်စဉ်တစ်ခု ဖြစ်ရုံတင်မကဘဲ မိမိတို့ရဲ့ ကိုယ်ပိုင်လက္ခဏာကို အထိခိုက်ခံစရာမလိုတဲ့ တိုးတက်မှုကို ထင်ထင်ရှားရှားပြသနေတဲ့ ဖွံ့ဖြိုးတိုးတက်မှု စံနမူနာသစ်တစ်ခုလည်းဖြစ်တယ်” ဟု မွန်တီနီဂရိုးနိုင်ငံ ဒုတိယဝန်ကြီးချုပ် ဘူဒီမီယာ အလက်ခ်ဆစ်က ပြောကြားခဲ့သည်။ မွန်တီနီဂရိုးနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး...