North America5 months ago
ထရမ့်က ၎င်း၏မိန့်ခွန်းအား တည်းဖြတ်ခြင်းနှင့်ပတ်သက်၍ အသရေဖျက်မှုဖြင့် ဘီဘီစီကို တရားစွဲဆို
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်က BBC (ဘီဘီစီ) အား အမေရိကန်လွှတ်တော်အဆောက်အအုံ အဓိကရုဏ်းနှင့် ဆက်စပ်သော မိန့်ခွန်းကို အထင်မြင်မှားစေသည့် တည်းဖြတ်မှု ပြုလုပ်ခဲ့သည်ဟု စွပ်စွဲကာ အသရေဖျက်မှုဖြင့် ဒီဇင်ဘာ ၁၅ ရက်၌ တရားစွဲဆိုခဲ့သည်။