Environment, Disasters & Accidents2 years ago
မြန်မာနိုင်ငံရှိ ရေဘေးသင့်ဒေသများသို့ အရန်ဆန် တန် ၁,၀၀၀ ကျော် ထောက်ပံ့ဖြန့်ဖြူးမည်
ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ ရေဘေးသင့်ဒေသများသို့ အာဆီယံအပေါင်းသုံး အရေးပေါ်အရန်ဆန်ရိက္ခာ (APTERR) အစီအစဉ်ဖြင့် အရန်ဆန် ၁,၀၀၂ ဒသမ ၇၁ တန်ကို ထောက်ပံ့ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ ထောက်ပံ့မည့် အရန်ဆန်များကို ရန်ကုန်တိုင်းဒေသကြီးသို့ သီးသန့်ဆန်တန်ချိန် ၂၅၀၊ပဲခူးတိုင်းဒေသကြီးသို့...