ဂျေရုဆလင်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ၌ COVID-19 ဒယ်လ်တာ (Delta) ဗီဇပြောင်းဗိုင်းရပ်စ် “AY4.2” အား အောက်တိုဘာ ၁၉ ရက်တွင် ပထမဆုံးတွေ့ရှိခဲ့ကြောင်း အစ္စရေး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဝါရှင်တန်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု၌ ပြီးခဲ့သည့် ဇူလိုင်လနောက်ဆုံးနှစ်ပါတ်အတွင်း COVID-19 အတည်ပြုလူနာသစ်၏ ပျမ်းမျှ ၉၃.၄ ရာခိုင်နှုန်းမှာ Delta ဗီဇပြောင်းဗိုင်းရပ်စ်ဖြစ်ကြောင်း အမေရိကန်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာ မှ သြဂုတ် ၄ ရက်တွင် ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။
ဂျေရုဆလင်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်သည့် Pifzer ကာကွယ်ဆေး အကျိုးအာနိသင် ထိရောက်မှုပမာဏသည် ၆၄ ရာခိုင်နှုန်းထိ ကျဆင်းသွားကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဇူလိုင် ၅ ရက် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဆန်တီရာဂို၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) ချီလီနိုင်ငံတွင် အမေရိကန်နိုင်ငံမှ ပြန်လာသူ ချီလီနိုင်ငံသား လူနာတစ်ဦး၏ ရလဒ်များအား လေ့လာဆန်းစစ်ပြီးနောက် ဇွန် ၂၄ ရက်၌ COVID-19 ရောဂါဖြစ်ပွားစေတတ်သော ဗီဇပြောင်း Delta ဗိုင်းရပ်စ် ပထမဆုံးကူးစက်ခံရမှုကို အတည်ပြုခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ “အမေရိကန်နိုင်ငံကနေလာရောက်ခဲ့ပြီး ဆန်တီရာဂိုလေဆိပ်မှတစ်ဆင့်...