Media3 years ago
ရုရှားစစ်တပ်၏ စစ်ဆင်ရေးကြောင့် ယူကရိန်းစစ်ဘေးရှောင်များ ပိုလန်နိုင်ငံသို့ ထွက်ပြေးခိုလှုံ
MEDYKA၊ ပိုလန် ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံက ဒွန်ဘတ်စ်ဒေသတွင် စစ်ဆင်ရေးဆင်နွှဲမှုကြောင့် ယူကရိန်း စစ်ဘေးရှောင်များမှာ ပိုလန်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေရကြောင်း သိရသည်။ ယူကရိန်းနိုင်ငံသားများသည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအတွင်း ဗီဇာမလိုဘဲ ခေတ္တနေထိုင်ခွင့်ရှိပြီး ပိုလန်နိုင်ငံ၏ ဘူမိဗေဒအခြေအနေနှင့် ယဉ်ကျေးမှုနီးစပ်ယှက်နွယ်မှုကြောင့် ယူကရိန်းပြည်သူ စစ်ဘေးရှောင်များက ပိုလန်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ကြရန်ရွေးချယ်ကြခြင်းဖြစ်သည်။...