23
Sat, Sep
714 New Articles

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ကျောက်တန်းမြို့နယ်၊ သီလ၀ါဆိပ်ကမ်း(MITT)ရှိ ကုန်သေတ္တာများအတွင်းမှ ပိတောက်သစ်ခွဲသားများ စုစုပေါင်းတန်ချိန် ၂၂၉.၁၉ တန်ခန့်အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကောင်စီ အစည်းအဝေးတွင် ယူ၁၃ ဘောလုံးပွဲတော်များ ဒေသတွင်း နှစ်စဉ်အကြိမ် အရေအတွက်များများ ကျင်းပပေးရေး၊ ဖီဖာ ကမ္ဘာ့ဖလား ယူ၁၇ နှင့် ယူ၂၀ ဘောလုံးပြိုင်ပွဲများအား အာဆီယံနိုင်ငံများ ပူးပေါင်း၍ အိမ်ရှင်အဖြစ် လက်ခံကျင်းပရေး တို့ကို အဆိုပြု တင်သွင်းခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။ 

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ကျောက်သားများဖြင့် တည်ဆောက်ထားသော မနူဟာနန်း ဘုရားဂူမှာ သက်တမ်းကြာမြင့်လာပြီဖြစ်၍ ဂူ၏မြောက်ဘက်နှင့်အနောက်ဘက်တို့တွင် ပျက်စီးလာခြင်းကြောင့် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ လမှစတင်၍ အဆိုပါအပျက်အစီးများအား ဂျာမနီနိုင်ငံက ပြုပြင်ပေး မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန် စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့အတွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှု၌ ပါဝင်သူများ အမည်စာရင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရ၊ နိုင်ငံတကာရဲတပ်ဖွဲ့နှင့် ကုလသမဂ္ဂသို့ ပေးပို့မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ေ ဖ်ာဆောင်ရွက်ရေး အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်သောသတင်းအရ သိရသည်။

ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဒေသအဖြစ် သတ်မှတ်နိုင်ရေး ၂ဝ၁၈ ခုနှစ် စက်တင်ဘာလတွင် အဆိုပြုလွှာမူကြမ်း တင်သွင်းမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နေပြည်တော်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံမှ ပဲတင်သွင်းမှုကို ၅ - ၈ - ၂၀၁၇ တွင် ကန့် သတ်လိုက်ခြင်းကြောင့် ပြည်တွင်း လက်ကျန်ပဲများအား အိန္ဒိယနိုင်ငံသို့  ဆက်လက် တင်ပို့ နိုင်ရန် ဌာနဆိုင်ရာများ၊ ပညာရှင်များ၊ တောင်သူများ၊ ကုန်သည် လုပ်ငန်းရှင်များ ပါဝင်သော အထူးလုပ်ငန်းအဖွဲ့  ဖွဲ့ စည်းပြီး ဆောင်ရွက်လျက် ရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ယနေ့ ပြောကြား ခဲ့သည်။

ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံပြည်တွင်း (ဟုမ္မလင်းမြို့ ၏ မြောက်-အနောက်မြောက်ဘက် (၁၅) မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

 

ရခိုင်ပြည်နယ်၌ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုပြန်လည်ဖော်ဆောင်ရေး၊ ဒေသတွင်း နေထိုင်ကြသော လူမှုအသိုက်အဝန်းများအကြား သဟဇာတမျှတမှု မြှင့်တင်နိုင်ရေးအတွက် မြန်မာအစိုးရက ကြိုးပမ်းဆောင်ရွက်လျက် ရှိနေကြောင်း ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက ယနေ့ကျင်းပသော (၇၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်သူများထံသို့ ယနေ့ စက်တင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်း၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သွားရောက် တွေ့ဆုံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှရန်ကုန် မြို့တွင်း (၆)မြို့နယ်အတွင်း ယာဉ်များ စနစ်တကျရပ်နားနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပါကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးကပြောသည်။