စက်တင်ဘာလ ၁၄ ရက် (ဆင်ဟွာ)အစ္စရေးနိုင်ငံ သမ္မတ(ဟောင်း) ရှီမွန်ပီရက်စ်(Shimon Peres) သည် လေဖြတ်ဝေဒနာခံစားရသဖြင့် စက်တင်ဘာလ ၁၃ ရက် ညနေပိုင်းက ဆေးရုံတင်လိုက်ရကြောင်း ၎င်း၏ ရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။အစ္စရေးနိုင်ငံ၏ ၉ ယောက်မြောက် သမ္မတကို တဲလ်အဗစ်မြို့အပြင်ဖက်ရှိ Tel Hashomer ဆေးရုံသို့တင်ပို့ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။အသက်...
မော်စကို၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက်ရေး အေဂျင်စီ (WADA) ၏ ဒေတာဘေ့စ်အား မကြာသေးမီက ဟက်ကာများ တိုက်ခိုက်ခဲ့မှု တွင် မည်သည့်ပါဝင်မှုမှ မပြုလုပ်ခဲ့ကြောင်း ရုရှားက စက်တင်ဘာ ၁၃ ရက်တွင်ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) ဆင်းရဲမွဲတေမှုနှင့် ငတ်မွတ်ခေါင်းပါးခြင်း၊ တန်းတူညီမျှ မြှင့်တင်ရေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး ဟူသော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ပန်းတိုင်များ (SDGs) ၂၀၃၀ အစီအစဉ် အတွက် ကမ္ဘာလုံးဆိုင်ရာ ပူးတွဲ အားထုတ်မှုနှင့်အတူ ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ...
ရန်ကုန် ၊ စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ) တန်ဖိုးသင့် ၊ တန်ဖိုးနည်း အိမ်ရာစီမံကိန်းများအား လှိုင်သာယာ မြို့နယ် ၊ သန်လျင်-ကျောက်တန်း မြို့နယ် များရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန မှ စီမံခန့်ခွဲလျှက်ရှိသော နေရာများတွင် အကောင်အထည်ဖော် ဆောင်ရွက်ရန် အဆိုပြု တင်ဒါများအား...
ဟယ်ဆင်ကီ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) Helsinki Design Week ဟုသိကြသည့် ဥရောပတိုက်မြောက်ပိုင်း၏ အကြီးကျယ်ဆုံးသော ဒီဇိုင်းပွဲတော်ကို ၁၂ကြိမ်မြောက်အဖြစ် ယခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပခဲ့သည်။ ထိုဒီဇိုင်းပြပွဲတွင် ပြပွဲပေါင်း ၂၅ဝ ကျော်ကိုပါ ထည့်သွင်းပြသခဲ့သည်။ အဆိုပါပွဲတော်တွင်...
ဟူနန်၊ စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ)တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် ကျန်းကျားကျဲရှိ နက်စောက် မြင့်မားသော မီတာ ၁၃ဝဝ အနက်ရှိသည့် ထျန်းအန်းမင် တောင်စောင်းပေါ်တွင် စတန့်ပြသမှှုတစ်ခုကို အမေရိကန် စတန့်အဖွဲ့တစ်ဖွဲ့မှ စတန့်ကပြဖျော်ဖြေမှုတစ်ခုကို ပြုလုပ်ခဲ့သည်။ လူသားများနှင့် သဘာဝအကြား လိုက်လျောညီထွေစွာနေထိုင်သွား နိုင်မှုတို့ကို အထူးထင်ဟပ်ပြသလိုသောကြောင့် ယခုကဲ့သို့စတန့်ပြသခြင်းဖြစ်ကြောင်းဆိုသည်။ (Xinhua)
တီကရစ်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ ဆလာဟူဒင်ပြည်နယ် ရှိ မြို့တစ်မြို့မှ ထွက်ပြေးတိမ်းရှောင်လာသော အီရတ်မိသားစုဝင် ၇ဦး သည် စက်တင်ဘာ၁၃ရက်တွင် ဗုံးပေါက်ကွဲမှုတစ်ရပ်ကြောင့် သေဆုံးခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ လုံခြုံရေး သတင်းရင်းမြစ်တစ်ခုက ဆင်ဟွာသို့ပြောကြားခဲ့သည်။
စက်တင်ဘာလ ၁၄ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ သမ္မတ(ဟောင်း) ရှီမွန်ပီရက်စ်(Shimon Peres) သည် လေဖြတ်ဝေဒနာခံစားရသဖြင့် စက်တင်ဘာလ ၁၃ ရက် ညနေပိုင်းက ဆေးရုံတင်လိုက်ရကြောင်း ၎င်း၏ ရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) မဟာမဲခေါင် ဒေသခွဲ ခရီးသွားလုပ်ငန်း မဟာဗျူဟာ ၂ဝ၁၆-၂ဝ၂၅ တွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် မဟာဗျူဟာ ငါးရပ်ထည့်သွင်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရန်ကုန် ၊ စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ဆတ်ကျွန်းကျေးရွာအုပ်စုအတွင်း နေထိုင်သော တစ်နိုင်တစ်ပိုင် ဘဲမွေးမြူသူ တစ်ဦးသည် ဘဲစာကျွေးရန် ချောင်းအတွင်း ရေငုပ်စဉ် မိကျောင်းကိုက်ချီ ဆွဲယူသွားခဲ့ရာ သေဆုံးသွားခဲ့ကြောင်း သိရသည်။