ဘာလင် ၊ စက်တင်ဘာလ ၁၄ ရက် (ဆင်ဟွာ) ပြီးခဲ့သော နှစ်က ပြင်သစ်နိုင်ငံ ပါရီမြို့အကြမ်းဖက်တိုက်ခိုက်မှု နှင့် ပတ်သက်ဆက်နွယ်နေသည့် အိုင်အက်စ်အကြမ်းဖက်သားများအဖြစ် သံသယ ရှိသူ သုံးဦးကို စက်တင်ဘာလ ၁၃ ရက် နံနက်ပိုင်းတွင် ဂျာမနီနိုင်ငံရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနား၌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက တရားစွဲ ဆိုရေးကဏ္ဍတွင် လက်ရှိတည်ဆဲ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေကို ပြန်လည် ပြင်ဆင် ရေးဆွဲရန် ဆောင်ရွက်လျက်ရှိကြောင်း အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
ပေကျင်း ၊ စက်တင်ဘာဘ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် ကိုးရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Yun Byung-se တို့သည် ကိုးရီးယားကျွန်းဆွယ်အရေး နှင့်ပတ်သက်၍ စက်တင်ဘာလ ၁၃ ရက် က တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနား၌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက တရားစွဲ ဆိုရေးကဏ္ဍတွင် လက်ရှိတည်ဆဲ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေကို ပြန်လည် ပြင်ဆင် ရေးဆွဲရန် ဆောင်ရွက်လျက်ရှိကြောင်း အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲ စောင့်ကြည့်ရေးကော်မတီ(JMC) အစည်း အဝေးကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ စက်တင်ဘာ ၁၃ရက်မှ ၁၅ရက်နေ့ထိ သုံးရက်ကြာ ကျင်းပဆွေးနွေးလျက်ရှိသည်။ အဆိုပါ ဆွေးနွေးပွဲ ပထမရက်တွင် JMC-TSC ယာယီရုံး၏ တည်နေရာအခြေအနေ၊...
ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပမည့် ကမ္ဘာ့ဝါး အထိမ်းအမှတ်နေ့ အခမ်းအနားကို ရန်ကုန်မြို့ ခြောက်မိုင်ခွဲရှိ International Business Center(IBC) ၌ စက်တင်ဘာ ၁၈ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ...
ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားနည်းနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ကွေ့ကျိုး၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုး ပြည်နယ်တွင်တည်ဆောက်လျက်ရှိသည့် ကမ္ဘာ့အမြင့်ဆုံးကြိုး တံတားကြီး မှာ တည်ဆောက်ပြီးစီးတော့မည်ဖြစ်ကြောင်းသိရသည်။ ပေဖိုင်ကျန်းတံတားဟု အမည်ရသည့် တံတားမှာ တောင်ကြားမှ ၅၇ဝ မီတာအမြင့်တွင်တည်ဆောက်ထားခြင်းဖြစ်သည်။ ၎င်းတံတား၏ အမြင့်မှာ အထပ် ၂ဝဝ ထပ် ရှိ အဆောက်အဦး ၏ အမြင့်ဖြစ်သည်။...
ရန်ကုန် ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ) အနာဂတ်မှာ တိုးပွားလာမည့် သက်ကြီးရွယ်အိုများ အတွက် လူမှုရေးနှင့် ကျန်းမာရေး ကဏ္ဍများကို တိုးမြှင့် စောင့်ရှောက် နိုင်ရေး လိုအပ်မည် ဖြစ်ပြီး သက်ကြီးရွယ်အို နေ့ပိုင်း စောင့်ရှောက်မှု လုပ်ငန်းကို တိုးချဲ့ ဆောင်ရွက် သွားရန် စီစဉ်လျက်ရှိကြောင်း လူမှုဝန်ထမ်း၊...
အာဂျင်တီးနား၊ စက်တင်ဘာ ၁၃ရက် (ဆင်ဟွာ) သိပ္ပံပညာရှင်များသည် အာဂျင်တီးနားနိုင်ငံ မြောက်ပိုင်း ၌ အလေးချိန် တန်၃၀ ရှိသည့် ဥက္ကာခဲကြီးအား ရှာဖွေတွေ့ရှိခဲ့ကြောင်း စက်တင်ဘာ ၁၂ ရက်က ထုတ်ပြန်ခဲ့သည်။