Connect with us

Environment, Disasters & Accidents

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းဆက်လက်တည်ရှိ

မိုးလေဝသ ခန့်မှန်းချက်ပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင်‌့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားနည်းနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံမြောက်ပိုင်းဒေသနှင့် တောင်ပိုင်းဒေသတွေမှာတိမ်အသင့်အတင့်ဖြစ်ထွန်းနေပြီး၊ ကျန်ဒေသတွေမှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှာ နေရာကွက်၍ မိုးကြီးခဲ့ကြောင်း သိရသည်။
မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ကော့သောင်းမြို့တွင် (၃.၀၃)လက်မ၊ ရွှေဘိုမြို့တွင် (၁.၇၃)လက်မ၊ ပခုက္ကူမြို့တွင် (ဝ.၉၄)လက်မ၊ မြင်းခြံမြို့နှင့် လွိုင်ကော်တို့မှာ (ဝ.၈၃)လက်မစီတို့ ဖြစ်ကြကြောင်း သိရသည်။
ယနေ့မြန်မာစံတော်ချိန်(၀၆း၃၀) နာရီအချိန် တိုင်းထွာချက်များအရ ယမန့်နေ့က တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာကာ အပူပိုင်းမုန်တိုင်း “ရိုင်” (RAI)အဖြစ်သို့ရောက်ရှိခဲ့ကာ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေကို ဖြတ် ကျော်လျက်ရှိပြီး အနောက်- အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားလျက်ရှိကြောင်း မိုးဇလ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.