ကိုလမ်ဘို၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) သီရိလင်္ကာ သမ္မတ၏ တရားဝင် ဝက်ဘ်ဆိုဒ်သို့ လွန်ခဲ့သည့် ရက်သတ္တပတ်က တရားမဝင် ဝင်ရောက်ကာ အချက်အလက်များ ခိုးယူခဲ့မှုတွင် ဒုတိယမြောက် ကျူးလွန်သူဟု ယူဆရသူအား သီရိလင်္ကာ ရဲတပ်ဖွဲ့က သြဂုတ်လ ၃၀ ရက်က ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
နေပြည်တော် ၊ သြဂုတ် ၃၀ (ဆင်ဟွာ) အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရက် (၁၀၀) စီမံချက်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု နှင့် ပတ်သက်၍ ဝန်ကြီးဌာန မှ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် နှင့် ဦးမြင့်ကြိုင်တို့ မှ ယနေ့မီဒီယာ နှင့် တွေ့ဆုံစဉ် ရှင်းလင်းပြောကြားခဲ့သည်။
ချီကာဂို၊ သြဂုတ် ၃ဝ ရက် (ဆင်ဟွာ)ချီကာဂို မြို့ တွင်နေထိုင်သူ နိုကီရာကုမ္ပဏီ၏ အင်ဂျင်နီယာ တရုတ်နွယ်ဖွား အမေရိကန် နိုင်ငံသား ဒေးဗစ်ဟူ သည် ကိုယ်ပိုင်လေယာဉ်တစ်စင်းကို ၂ဝဝ၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည်။ ဆယ်နှစ်တာ ကာလအတွင်း ပုံကြမ်းဆွဲခြင်း၊ လိုအပ်သည့်ပစ္စည်း အစိတ်အပိုင်းများ ဝယ်ခြင်း စမ်းသပ်မောင်းနှင်ခြင်းတို့ကို ၎င်း၏...
ဂျာကာတာ၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် တွင် သြဂုတ် ၃၀ ရက် က ပုဂ္ဂလိက လေယာဉ်သင်တန်းကျောင်း တစ်ခု မှ လေယာဉ်ငယ်တစ်စီး ပျက်ကျမှုဖြစ်ပွားခဲ့၍ လေယာဉ်ပေါ်ရှိ လူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နန်နင်း၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ နယ်စပ် ရဲတပ်ဖွဲ့သည် ကာကွယ်ထိန်း သိမ်းရန် လိုအပ်သည့် Siamese မိကျောင်းပေါက် ကောင်ရေ ၉၄၀ အား တွေ့ရှိခဲ့ကြောင်း သိရသည်။
ကာဂျစ္စတန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) ကာဂျစ္စတန်နိုင်ငံ မြို့တော် Bishkek ရှိ တရုတ်သံရုံးအရှေ့တွင် သြဂုတ် ၃၀ ရက်က ကားဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့၍ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း အာဏာပိုင်များ နှင့် မျက်မြင်တွေ့ခဲ့သူများက ပြောကြားခဲ့သည်။
မယ်လ်ဘုန်း၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) အနောက် သြစတြေးလျ (WA) ရှိ သြစတြေးလျနယ်ခြားစောင့်တပ်ဖွဲ့ (ABF) အာဏာပိုင်များသည် အာဖရိကမှရောက်ရှိလာသောကုန်တင်သင်္ဘာတစ်စင်း အတွင်း၌ အမေရိကန်ဒေါ်လာ ၃၄သန်းတန် methamphetamine (ခေါ်) အိုက်စ် (ice) မူးယစ်ဆေးဝါး ၄၅ကီလိုဂရမ်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ သြဂုတ် ၃၀ ရက်(ဆင်ဟွာ) တရုတ် နိုင်ငံ နိုင်ငံတော် ပညာတော်သင် ဖောင်ဒေးရှင်း ကော်မတီ မှ မြန်မာ နိုင်ငံ ကဏ္ဍအသီးသီး မှ ကျောင်းသား/သူ ၁၀၈ ဦး အား တရုတ် နိုင်ငံ သို့သွားရောက် ပညာတော်သင်ရန် ထပ်မံရွေးချယ် ခဲ့ပြီး...
ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ ဦးထင်ကျော် ၏ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ကြေညာခဲ့သည်။
ဝါရှင်တန် ၊ သြဂုတ် ၃ဝ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတ ဘာရက်အိုဘားမား နှင့် တူရကီနိုင်ငံသမ္မတ အာဒိုဂန် ( Recep Tayyip Erdogan) တို့နှစ်ဦးသည် တရုတ်နိုင်ငံ၌ ကျင်းပမည့် G20 ထိပ်သီးဆွေးနွေးပွဲသို့တက်ရောက်စဉ် စက်တင်ဘာလ ၄ ရက်တွင် သီးသန့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားရန် ရှိကြောင်း အိမ်ဖြူတော်က...