ရှမိန်၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံက BRICS အဖွဲ့ဝင်နိုင်ငံများကြား စီးပွားရေးနှင့်နည်းပညာကဏ္ဍများပူးပေါင်းဆောင်ရွက်ရန် နှင့် ဖလှယ်ရန် ယွမ်ငွေ သန်း ၅ဝဝ ကို ထုတ်ချေးမည်ဟု BRICS မျက်နှာစုံညီအစည်းအဝေးတွင်ထည့်သွင်းပြောကြားခဲ့သည်။(Xinhua)
ပေကျင်း၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ တော်ဝင်မင်းသမီး ဘာဂျ်ရာကီတီရာဘာ မာဟီဒိုလ် သည် တရုတ်နိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ စက်တင်ဘာ ၇ရက်မှ ၉ရက်အထိ လာရောက်လည်ပတ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနပြောရေးဆိုခွင့်ရှိသူ Geng Shuang က စက်တင်ဘာ ၄ရက်တွင်ပြောကြားခဲ့သည်။
ရှမိန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) တောင်အာဖရိကနိုင်ငံသည် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်ဖရိကနိုင်ငံတို့ဖြင့်ဖွဲ့စည်းထားသော BRICS အဖွဲ့အစည်း၏ ၁၀ကြိမ်မြောက် ထိပ်သီးအစည်းအဝေးပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း တောင်အာဖရိကသမ္မတ ဂျက်ကော့ဇူးမားက စက်တင်ဘာ ၃ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန် ၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ) ကာဂျစ္စတန် လက်ရွေးစင် အသင်း နှင့် မြန်မာ လက်ရွေးစင် အသင်း ယှဉ်ပြိုင်ကစားမည့် အာရှဖလား ခြေစစ်ပွဲအား ရက် ရွှေ့ဆိုင်း ကျင်းပ သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်(MFF)မှ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) မောင်တောင်မြို့နယ် မီးတိုက်ရွာကင်းစခန်းအား ARSA အစွန်းရောက်အကြမ်းဖက်သမားများ လုပ်သေနတ်များဖြင့် လာရောက်ပစ်ခတ်သဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။ မောင်တော မြို့နယ် မီးတိုက်ရွာ ကင်းစခန်းကို စက်တင်ဘာ ၃ ရက် ည...
ရန်ကုန် ၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် အတွင်း ဖြစ်ပေါ်နေသည့် အရေးကိစ္စများ နှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီး H.E. Mrs Retno L.P....
ရှမိန် ၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က စက်တင်ဘာ ၄ ရက်နေ့၌ ရှမိန်မြို့တွင် ကျင်းပ သည့် (၉) ကြိမ်မြောက် BRICS ထိပ်သီး အစည်းအဝေး တွင် သဘာပတိ အဖြင့် ဆောင်ရွက်ခဲ့ပြီး...
ရှမိန်၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ) မက္ကဆီကိုသမ္မတအန်ဒရီကေးပန်ညာနေးတို က စက်တင်ဘာလ ၃ ရက်နေ့ညနေပိုင်း တွင် ရှမိန်သို့ရောက်ရှိလာခဲ့ ပြီး BRICS ထိပ်သီးအစည်းအဝေးအတွင်းကျင်းပမည့် ဖွံ့ဖြိုးတိုးတက်လာသည့် ဈေးကွက်နှင့်ဖွံဖြိုးဆဲနိုင်ငံများ ဆွေးနွေးပွဲအားတက်ရောက်မည်ဖြစ်သည်။(Xinhua)
ရှမိန်၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံရှမိန်တွင်ကျင်းပလျက်ရှိသည့် BRICS ထိပ်သီးအစည်းအဝေး သို့တက်ရောက်လာသည့် BRICS အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကတိုက်နိုင်ငံခေါင်းဆောင် ၅ ဦးတို့ စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ (Xinhua)
ရှမိန်၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံသမ္မတအယ်ဆီဆီ သည် စက်တင်ဘာလ ၃ ရက်နေ့ညပိုင်းအချိန်က တရုတ်နိုင်ငံရှမိန်သို့ရောက်ရှိလာခဲ့သည်။ ၎င်းက ၉ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးအတွင်းကျင်းပမည့် ဖွံ့ဖြိုးတိုးတက်လာသည့် ဈေးကွက်နှင့်ဖွံဖြိုးဆဲနိုင်ငံများ ဆွေးနွေးပွဲအားတက်ရောက်ပြီး အဖွဲ့ဝင်နိုင်ငံများနှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ် ရန်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။(Xinhua)