ရှမိန်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖူကျန်းပြည်နယ် အရှေ့တောင်ပိုင်း ရှမိန်မြို့တွင် စက်တင်ဘာ ၃ ရက်၌ ပြုလုပ်သည့် BRICS စီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများ အား နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။
အူရမ်ကွီ၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) ရှင်းကျန်း ယူအီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် အူရမ်ကွီမြို့ရှိ အကောက်ခွန်ဗျူရိုမှ ရရှိသည့် နောက်ဆုံးကိန်းဂဏန်းအချက်အလက်များအရ ၂၀၁၇ခုနှစ်အတွင်း ယင်းဒေသနှင့် BRICS အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှု တိုးတက်လာကြောင်း သိရသည်။
ရှန်ဟိုင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) BRICS New Development Bank (NDB) ရုံးချုပ်၏ အမြဲတမ်းအဆောက်အအုံ အား စက်တင်ဘာ ၂ ရက်တွင် ရှန်ဟိုင်းကုန်စည်ပန်းခြံ ၌ စတင်ဆောက်လုပ်ခဲ့ပြီး Huangpu မြစ်တစ်လျှောက် အထင်ကရ အဆောက်အဦတစ်ခု ဖြစ်လာမည်ဟု ခန့်မှန်းရကြောင်း သိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်မြို့၊ တောင်ရပ်ကွက်ရှိ ကားလမ်းပေါ်၌ စက်တင်ဘာ ၂ ရက်တွင် လက်လုပ် အသံမိုင်း ၁ လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မိုင်းပေါက်ကွဲမှုကြောင့် လူ၊ တိရစ္ဆာန်နှင့်အဆောက်အဦများ ထိခိုက်မှု မရှိကြောင်း တပ်မတော် ကာကွယ်ရေး...
နယူးဒေလီ၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီ က တရုတ်နိုင်ငံ ရှမိန်မြို့တွင် စက်တင်ဘာ ၃ မှ ၅ရက်အထိကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေး ၌ အကျိုးဖြစ်ထွန်းမှုရှိသော အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်နိုင်မည်ဟု မျှော်လင့်ပါကြောင်း စက်တင်ဘာ ၂ ရက်က...
ရှမိန်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖူကျန်းပြည်နယ် အရှေ့တောင်ပိုင်း ရှမိန်မြို့တွင် စက်တင်ဘာ ၃ ရက်၌ ပြုလုပ်သည့် BRICS စီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများ အား နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။သမ္မတရှီက BRICS ပူးပေါင်းဆောင်ရွက်မှုသည် ဖွံ့ဖြိုးတိုးတက်မှုလမ်းစဉ်၏ အရေးကြီးသည့်အဆင့်တွင်ရောက်ရှိနေပြီဖြစ်ကြောင်း...
မက္ကဆီကို စီးတီး၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) အုပ်စုကြီးတစ်ခုအဖြစ် BRICS အဖွဲ့ဝင်နိုင်ငံများသည် ကမ္ဘာ့လုံးဆိုင်ရာ အုပ်ချုပ်မှုစနစ် ပိုမိုဟန်ချက်ညီစေရန် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်လျက်ရှိကြောင်း မက္ကဆီကိုနိုင်ငံသမ္မတ Enrique Pena Nieto ကပြောကြားခဲ့သည်။
ရန်ကုန် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) ရာသီတုပ်ကွေးရောဂါ(H1N1)ဖြစ်ပွားမှုကြောင့် ပိုးတွေ့လူနာ ၃၆၉ ဦးရှိပြီး စုစုပေါင်း ၃၆ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စက်တင်ဘာ ၂ ရက်အထိ ထုတ်ပြန်မှုများ အရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) စစ်တောင်းမြစ် နှင့် ငဝန်မြစ်ရေများ မြင့်တက်လျက်ရှိသည့်အတွက် မဒေါက်မြို့၊ ငါးသိုင်းချောင်းမြို့နှင့် သာပေါင်းမြို့နယ်များ အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတိပေးချက်ထုတ်ပြန်သည်။
ရှမိန်၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) ဘရာဇီး၊ရုရှား၊အိန္ဒိယ၊တရုတ်နှင့် တောင်အာဖရိက နိုင်ငံတို့ပါဝင်သည့် BRICS အဖွဲ့သည် နိုင်ငံတကာဇာတ်ခုံပေါ်တွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေသည်။ ယခုနှစ် BRICS ထိပ်သီးအစည်းအဝေး ကျင်းပမည့် ဆောင်ပုဒ်မှာ ပိုမိုခိုင်မြဲသောပူးပေါင်းဆောင်ရွက်မှုဖြင့် တိုးတက်ကောင်းမွန်သော အနာဂတ်ဆီသို့ဖြစ်သည်။ (Xinhua)