Connect with us

Politics, Law & Military

မီးတိုက်ရွာကင်းစခန်းအား ARSA အစွန်းရောက်အကြမ်းဖက်သမားများ ပစ်ခတ်မှုကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား

မီးတိုက်ရွာကင်းစခန်းအား ARSA အစွန်းရောက် အကြမ်းဖက်သမားများ လာရောက်တိုက်ခိုက်သည့် တိုက်ပွဲဖြစ်ပွားရာပြမြေပုံ(ဓာတ်ပုံ-သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

မောင်တောင်မြို့နယ် မီးတိုက်ရွာကင်းစခန်းအား ARSA အစွန်းရောက်အကြမ်းဖက်သမားများ လုပ်သေနတ်များဖြင့် လာရောက်ပစ်ခတ်သဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

မောင်တော မြို့နယ် မီးတိုက်ရွာ ကင်းစခန်းကို စက်တင်ဘာ ၃ ရက် ည ၁၀ နာရီခန့် တွင် ARSA အစွန်းရောက်အကြမ်းဖက်သမား ၂၀ ခန့်က စခန်းအနောက်ဘက် ကိုက် ၅၀ ခန့်အကွာမှ လုပ်သေနတ်များဖြင့် လာရောက်ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ နာရီဝက်ခန့်အကြာတွင် အကြမ်းဖက်သမားများ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

အဆိုပါ အပြန်အလှန် ပစ်ခတ်မှုကြောင့် အစွန်းရောက်အကြမ်းဖက်သမား အလောင်း ၁ လောင်း ရရှိခဲ့ပြီး တူမီးသေနတ် ၁ လက်၊ ခဲသီး ၈ လုံး၊ ယမ်းဗူး ၂ ဗူး၊ ဓားကောက် ၁ လက်၊ ဓာတ်မီး ၁ လက်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေ (၉) သင်္ဘောကွေ့ကျေးရွာ အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ ARSA အစွန်းရောက်အကြမ်းဖက်သမား (၃၀) ဦးခန့် ဖြင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး လုပ်သေနတ် ၁ လက်နှင့် ARSA အစွန်းရောက် အကြမ်းဖက်သမားအလောင်း ၁ လောင်းထပ်မံရရှိထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.