Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် အရေး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံ ဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး တွေ့ ဆုံစဉ်(ဓာတ်ပုံ-MOFA)

ရန်ကုန် ၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် အတွင်း ဖြစ်ပေါ်နေသည့် အရေးကိစ္စများ နှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီး H.E. Mrs Retno L.P. Marsudi တို့တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်း အရ သိရသည်။

ထိုသို့တွေ့ဆုံစဉ် ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နယ် အတွင်း လိုအပ်လျက်ရှိသည့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများအား အင်ဒိုနီးရှား နိုင်ငံ အနေဖြင့် တစ်ဖက် တစ်လမ်းမှ ပါဝင်ပံ့ပိုးပေးနိုင်ရေးကိစ္စ ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများနှင့် အခက်အခဲ များအား ဖြေရှင်း သွားနိုင်မည့် ရေရှည်နည်းလမ်းကောင်းများနှင့် ပတ်သက်၍လည်းကောင်း အမြင်ချင်း ဖလှယ် ဆွေးနွေး ခဲ့ကြ ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အင်ဒိုနီးရှား နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mrs Retno L.P. Marsudi အား ယနေ့စက်တင်ဘာ ၄ ရက် ၊ နေ့လည် ၁၂ နာရီ အချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117