မွမ်ဘာဆာ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ကုန်သေတ္တာတင်ယာဉ်များအားစစ်ဆေးရန်အတွက် တရုတ်နိုင်ငံက ကင်ညာနိုင်ငံသို့ထောက်ပံ့ပေးထားခဲ့သည့် ကုန်တင်ယာဉ် scanner ၃ လုံးအား ကင်ညာနိုင်ငံ မွန်ဘာဆာမြို့တွင် သြဂုတ်လ ၂၅ ရက်နေ့က စတင်အသုံးပြုခဲ့သည်။ ထို scanner များကိုအသုံးပြုခြင်းဖြင့် နိုင်ငံအတွင်းစီးပွားရေးစီးဆင်းမှုကို ပိုမိုကောင်းမွန်စေမည့် အပြင် မှောင်ခိုမှုကိုလည်းလျှော့ချနိုင်ပြီး အခွန်ကောက်ခံရရှိမှုလည်း...
ပေကျင်း၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ခလုတ်တစ်ခုနှိပ်ရုံဖြင့် အိပ်ရာမှ ဝှီးချဲ ကုလားထိုင်သို့ အလိုအလျောက် ပြောင်းလဲနိုင်သော နည်းပညာသုံးစက်ပစ္စည်းကို ပေကျင်းတွင်ကျင်းပလျက်ရှိသော ၂ဝ၁၇ ခုနှစ် စက်ရုပ်များညီလာခံတွင်ပြသခဲ့သည်။ ရှန်ယန်းအခြေစိုက် SIASUN Robot and automation ကုမ္ပဏီက အဆိုပါ နည်းပညာကိုတီထွင်ဖန်တီးထားခြင်းဖြစ်သည်။ သွားလာလှုပ်ရှားရန်ခက်ခဲသူများ မသန်စွမ်းသူများ၊သက်ကြီးရွယ်အိုများ...
ပေကျင်း၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) ထွန်းသစ်စ ကမ္ဘာ့စီးပွားရေးနိုင်ငံကြီးများဖြစ်သော ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် နှင့် တောင်အာဖရိကနိုင်ငံ တို့ပါဝင်သည့် BRICS အဖွဲ့အစည်းကြီး ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ ဆယ်စုနှစ် ၂ခု နီးပါး သက်တမ်းသို့ ချဉ်းကပ်ဝင်ရောက်လာပြီဖြစ်ပါသည်။
ကိုင်ရို၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံ Beni Suef ပြည်နယ်တွင် ဘတ်စ်ကား တစ်စီးနှင့် ထရပ်ကား တစ်စီး တိုက်မိရာ အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ပြီး အခြားသူ ၄၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း အီဂျစ် ကျန်းမာရေး ဝန်ကြီးဋ္ဌာနက သြဂုတ်လ...
ဝင်းဒို့ခ်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) နမီးဘီးယားနိုင်ငံနှင့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် ကောင်းမွန်စေရေး လုပ်ဆောင်ရန် တရုတ်နိုင်ငံအနေဖြင့် အသင့်ရှိကြောင်း တရုတ် ဒုတိယ ဝန်ကြီးချုပ် ကျန်းကောလိက သြဂုတ်လ ၂၈ ရက်တွင် ပြောကြားလိုက်သည်။
ဘာလင် ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ၂၀၁၅ ခုနှစ် တွင် လူနာနှစ်ဦး ကို အဆိပ်ထိုး သတ်ဖြတ်ခဲ့မှုဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခဲ့သည့် အမျိုးသား သူနာပြု Niels H သည် အနည်းဆုံးလူပေါင်း ၉၀ ကျော်ကို သတ်ဖြတ်ခဲ့ကာ ဂျာမနီ...
ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်း နှင့် အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေသို့ ရွေ့လျားဝင်ရောက်ခဲ့ပြီး ဖြစ်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
မွမ်ဘိုင်း ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) အိန္ဒိယ နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ သြဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းအချိန်တွင် Nagpur မြို့ မှ မွမ်ဘိုင်းမြို့ သို့ မောင်းနင်လာသည့် ရထားသည် ရထားတွဲချော်မှု ဖြစ်ပွားခဲ့ပြီး ဤသည်မှာလည်း အိန္ဒိယ...
ပေကျင်း၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ဝမ်းယန်သည် တရုတ် အရှေ့မြောက်ပိုင်းဒေသနှင့် Baikal ဒေသဆိုင်ရာ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး တက်ရောက်ရန် လာမည့် သီတင်းပတ်အတွင်း ရုရှားနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က...
ထရီပိုလို၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) လစ်ဗျားရေတပ်ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ကမ်းခြေစောင့်တပ်ဖွဲ့သည် ထရီပိုလီကမ်းရိုးတန်း အလွန်တွင် ရာဘာလှေတစ်စီးပေါ်မှ ရွှေ့ပြောင်းဒုက္ခသည် ၁၃၄ဦးကို သြဂုတ် ၂၈ ရက်တွင် ကယ်ဆယ်ခဲ့ကြောင်း ပြောကြားခဲ့သည်။