အော်ရီဂွန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) ကြီးကျယ်ခန်းနားသော အမေရိကန် နေကြတ်မှုဟု တင်စားထားသည့် ဖြစ်တောင့်ဖြစ်ခဲ နေကြတ်မှုမြင်ကွင်းကို သြဂုတ်လ ၂၁ ရက်နေ့တွင် အမေရိကတိုက်ရှိ လူများစွာက လေ့လာစောင့်ကြည့်ခဲ့ကြသည်။ ၎င်းနေကြတ်မှုမြင်ကွင်းကို အမေရိကန်နိုင်ငံအတွင်းရှိ ပြည်နယ် ၁၄ ခုတွင် မြင်တွေ့ခဲ့ရသည်။ ထို့အပြင် မက္ကဆီကို စီးတီးတွင်...
ယူနန်၊သြဂုတ် ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်းယူနန်ပြည်နယ်တွင် ထွန်စက်တစ်စီ်းဖြင့်အကြိတ်ခံခဲ့ရသည့် ၃ မီတာရှည်သောစပါးကြီးမြွေတစ်ကောင်အား ရွာသားများနှင့် ရဲအရာရှိများပူးပေါင်းကာ ကယ်ဆယ်ခဲ့ကြောင်းသိရသည်။ ၎င်းအား တိရစ္ဆာန်ဆေးကုခန်းသို့သယ်ဆောင်ကာဒဏ်ရာများကို ကုသပေးခဲ့ခြင်းဖြစ်သည်။ ၎င်းအား ဆေးကုသပြီးနောက် ကျန်းမာရေးကောင်းမွန်သည်အထိ စောင့်ရှောက်ရေးစခန်းတွင် ထားရှိ ပြီးနောက် ပြန်လွှတ်ပေးမည်ဟုသိရသည်။(Xinhua)
ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံတွင်ကျင်းပလျက်ရှိသော (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ တွင် သြဂုတ်လ ၂၃ရက်ထိ ရလဒ်များအရ မြန်မာနိုင်ငံသည် ရွှေ ၄ဆု၊ ငွေ၄ဆုနှင့် ကြေး၅စုစုပေါင်း ဆု ၁၃ဆု ရရှိပြီးဖြစ်ကြောင်း သိရသည်။
နေပြည်တော်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) နိုင်ငံတော် သမ္မတ ဦးထင်ကျော်ထံသို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ ကိုဖီအာနန်နှင့် ကော်မရှင်အဖွဲ့ဝင်များ ယနေ့နံနက် ၁၀ း ၃၀ နာရီတွင် သမ္မတ အိမ်တော်၌ လာရောက် တွေ့ဆုံ ဂါရဝပြုကာ ရခိုင်ပြည်နယ်ဆိုင်ရာ...
နယူးဒေလီ၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အလယ်ပိုင်း Madhya Pradesh ပြည်နယ် တွင် သြဂုတ် ၂၂ ရက်က ကျင်းပခဲ့သော ရိုးရာကျောက်ခဲပေါက်ပွဲတော်အတွင်း လူ ၄၅၀ကျော် ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် အချို့မှာ အခြေအနေပြင်းထန်ကြောင်း သိရသည်။
ပေကျင်း ၊ သြဂုတ် ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြု လွှတ်တော်အမတ် ကျန်းတယ်ကျန်း သည် အင်ဒိုနီးရှားနိုင်ငံ နိုင်ငံရေး ၊ ဥပဒေပြုရေး နှင့် လုံခြုံရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဝိရန်တို (Wiranto) နှင့် အင်ဒိုနီးရှားနိုင်ငံ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီးဒါမင်းနက်စုရှင်း(Darmin Nasution) တို့အား...
ဝင်းဒို့ခ်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ကျန်းကောလိ၏ နမီးဘီးယားနိုင်ငံ ခရီးစဉ်အတွင်း အစဉ်အလာရှိပြီးသား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နမီးဘီးယားနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးက သြဂုတ်လ ၂၂ ရက်က ပြောကြားလိုက်သည်။
နယူးယောက်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့ဘက် ဖီလာဒဲလ်ဖီးယားမြို့ အစွန်အဖျားရှိ ဘူတာရုံတစ်ခုတွင် ရပ်ထားသော ရထားတစ်စီးကို မြန်နှုန်းမြင့်ရထားတစ်စီးက သြဂုတ် ၂၂ ရက်တွင် ဝင်တိုက်မိသဖြင့် အနည်းဆုံး လူ ၄၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) မောင်တောမြို့နယ်၌ ငွေကျပ် ၃၆၂၇ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြား ၁,၈၁၃,၅၀၀ ပြားများ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ မှ သတင်းထုတ်ပြန်သည်။