မော်စကို၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ တောင်ပိုင်း Rostov-on-Don မြို့တွင် သြဂုတ်လ ၂၁ ရက်က မီးလောင်ကျွမ်းမှုကြီး ဖြစ်ပွားခဲ့ရာ အဆောက်အဦ ၁၀၀ ကျော် ပျက်စီးသွားခဲ့ကြောင်း ဒေသတွင်း မီဒီယာ သတင်းဖော်ပြချက်အရ သိရသည်။
နေပြည်တော် ၊ သြဂုတ် ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ၊ ကွမ်ရှီးပြည်သူ့အသံလွှင့် ဌာန(GXBS) နှင့် မြန်မာနိုင်ငံ ၊ ပြန်ကြားရေး ဝန်ကြီးဌာန ၊ မြန်မာ့ အသံ နှင့် ရုပ်မြင်သံကြား(MRTV) တို့ပူးပေါင်း၍ “မင်္ဂလာပါ ချောင်အန်း” အမည်ရှိ တရုတ် ရုပ်သံ ဇာတ်လမ်းတွဲအား...
ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ဗဟိုတောင်သူလယ်သမားရေးရာလုပ်ငန်းအဖွဲ့ကို သြဂုတ်လ ၂၂ ရက် ရက်စွဲဖြင့် ဖွဲ့စည်းလိုက်ကြောင်း NLDထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု များအတွင်းသို့ ဧရာဝတီမြစ်နှင့် ဒုဋ္ဌဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် တံတားဦးမြို့နယ်တွင် ရပ်ကွက် ကျေးရွာအုပ်စုများသို့ သြဂုတ် ၁၉ ရက်မှ ယနေ့အထိ အိမ်ခြေ ၁၆၄၈ အိမ်၊ အိမ်ထောင်စု ၁၆၈၅ စု၊...
နယူးဒေလီ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အလယ်ပိုင်း ချာတစ်ဂတ်ပြည်နယ်ရှိ အစိုးရ ဆေးရုံ တစ်ရုံတွင် အရက်မူးနေသည့် ဆေးရုံ ဝန်ထမ်း တစ်ဦးက ရုတ်တရက် အောက်ဆီဂျင် ထောက်ပံ့မှုအား ပိတ်လိုက်ရာ မွေးကင်းစ ကလေးငယ် သုံးဦး သေဆုံးသွားခဲ့ကြောင်း သြဂုတ်လ ၂၁ ရက်တွင်...
ပေကျင်း၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံဒုတိယဝန်ကြီးချုပ် ကျန်းကောလိ ၏ ကူဝိတ်နိုင်ငံ ခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမို ခိုင်မာနက်ရှိုင်းလာမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ဆိုင်ရာ ကူဝိတ်သံအမတ်ကြီး Sameeh Johar Hayat က ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) မင်္ဂလာဒုံမြို့နယ်ရှိ ထောက်ခံချက်လျှောက်ထားခြင်းမရှိသော သောက်ရေသန့်လုပ်ငန်း(၃)ရုံ၊ စိစစ်ဆဲ(၂)ရုံနှင့် ထောက်ခံချက်ရရှိပြီးသက်တမ်း(၃)နှစ်ကုန်ဆုံးနေသော စက်ရုံ(၁)ရုံအား ရက်အကန့်အသတ်မရှိ ပိတ်သိမ်းအရေးယူခြင်းဆောင်ရွက်ခဲ့ကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန်မှ သတင်းထုတ်ပြန်သည်။
ပေကျင်း၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) ဆင်ဟွာ သတင်းအေဂျင်စီ ဥက္ကဋ္ဌ ချိုက်မင်းကျိုနှင့် Associated Press (AP) ဥက္ကဋ္ဌ Gary Pruitt တို့သည် သြဂုတ်လ ၂၁ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံကာ မီဒီယာ နည်းပညာနှင့် ဆန်းသစ် တီထွင်မှုတွင်...
ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၈ဦးအား အစားထိုးပြောင်းလဲ ခန့်အပ်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သြဂုတ်လ ၂၁ ရက်က ထုတ်ပြန်ချက်အရ သိရသည်။
အန်ကာရာ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အရှေ့တောင်ပိုင်း ဆန်လီအာဖာပြည်နယ် တွင် သြဂုတ် ၂၁ ရက်က အမေရိကန်နိုင်ငံ လေတပ်ပိုင် မောင်းသူမဲ့လေယာဉ်တစ်စီး ပျက်ကျခဲ့ကြောင်း Incirlik လေတပ်စခန်း၏ အင်တာနက်စာမျက်နှာတွင် ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်တစ်ခုအရသိရသည်။