ဗျူနိုအဲလ်ရစ် ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံ သမ္မတ Mauricio Macri က ပြင်သစ်အသင်းအား ရှုံးနိုမ့်ခဲ့ပြီးနောက် ရုရှားနိုင်ငံ၌ ကျင်းပနေသည့် ၂ဝ၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရသော အာဂျင်တီးနားလက်ရွေးစင်အသင်းအား ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုအတွက် ကျေးဇူးတင်ရှိပါကြောင်း ဇွန် ၃ဝ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ပါရီ ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံ ပါရီမြို့၌ကျင်းပလျက်ရှိသော 2018 IAAF Diamond League ပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ ကြယ်ပွင့် တာတိုအပြေးသမား Su Bingtian သည် အမျိုးသားမီတာ ၁ဝဝ ပြေးပွဲ၌ ၉.၉၁ စက္ကန့်ဖြင့် တတိယနေရာမှ ပန်းဝင်ခဲ့ကြောင်း နှင့်...
ဝူဟန်၊ ဇွန် ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ယန်ဇီမြစ်ကို ဖြတ်သန်းဖောက်လုပ်ထားသည့် ကမ္ဘာ့အရှည်ဆုံး ယင်းစီးကန်း ယန်ဇီ မြစ်ကူးနှစ်ထပ်ကြိုးတံတားကြီး ၏ ပင်မကေဘယ်လ်ကြိုးများတပ်ဆင်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ကေဘယ်လ်ကြိုးကြီးတစ်ချောင်းမှာ ၂၆၃ဝ မီတာ အထူရှိပြီး ကေဘယ်ကြိုးမျှင်ပေါင်း၂၄ဝဝဝ ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ၎င်းမှာတန်ချိန် ၆၅ဝဝဝ (အလယ်အလတ်အရွယ်အစားလေယာဉ်တစ်စီး) ကို ဆွဲတင်ထားနိုင်သည့်အလေးချိန်ခံနိုင်ရည်ရှိသည်။...
ရန်ကုန် ၊ ဇွန် ၃၀ ရက်(ဆင်ဟွာ) မြန်မာ့ စပါးအုံး ခေါ် ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်သည် စိန်ခေါ်သူ ဂျပန်နိုင်ငံမှ Ken Hasegawa နှင့် ဇွန် ၂၉ ရက်တွင် ရန်ကုန်မြို့၌ ယှဉ်ပြိုင် ထိုးသတ်ခဲ့ရာ အောင်လအန်ဆန်က စိန်ခေါ်သူအား အလဲထိုး အနိုင်...
အန်တာနာနာရီဗို၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) မဒါဂတ်စ်ကားနိုင်ငံတွင် သမ္မတ ရွေးကောက်ပွဲအား နိုဝင်ဘာလ ၇ ရက်တွင် ကျင်းပရန် စီစဉ်ထားကြောင်း ဝန်ကြီးချုပ် Cristian Ntsay က ဇွန်လ ၂၉ ရက်၌ ပြောကြားလိုက်သည်။
မက္ကဆီကိုစီးတီး၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ ပစိဖိတ်ကမ်းရိုးတန်း၌ ဇွန်လ ၂၉ ရက် ဒေသစံတော်ချိန် ညနေပိုင်းက အင်အား ၆.၀ ပမာဏရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း၊ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုမရှိကြောင်းအမေရိကန် ဘူမိဗေဒလုပ်ငန်း (USGS) ထံမှ သိရသည်။
ရန်ကုန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) စိုးရိမ်ရေမှတ်နှင့်နီးစပ်နေသောမြို့များ၏ မြစ်ရေအခြေအနေများကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန မှယနေ့သတင်းထုတ်ပြန်သည်။
ဘန်ကောက်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ လိုဏ်ဂူဆိုင်ရာ ကယ်ဆယ်ရေးကျွမ်းကျင်သူအဖွဲ့ တစ်ဖွဲ့သည် ထိုင်းနိုင်ငံသို့ ရောက်ရှိလာပြီး ထိုင်းနိုင်ငံ တောင်ပိုင်း ချင်းရိုင်ခရိုင်အတွင်း ရေလွှမ်းမိုးမကြောင့် ခြောက်ရက်ကြာ ပိတ်မိနေသည့် ထိုင်းလူငယ် ၁၂ ဦးနှင့် ဘောလုံးနည်းပြ ၁ ဦးတို့ရှိရာ လိုဏ်ဂူသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
နန်နင်း၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွမ်ရှီးကျွမ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မှ ပြုလုပ်သည် ကြေးမောင်းကြီး တစ်လုံးသည် ကမ္ဘာ့အကြီးဆုံး ကြေးမောင်းအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့ကြောင်း ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။