၂၅.၆.၂၀၁၈. ဒုတိယပွဲ- ပွဲပြီးရလဒ် အုပ်စု A ဆော်ဒီအာရေးဘီးယား ၂-၁ အီဂျစ် ‘(၄၅+၆’ပယ်နယ်တီ,၉၅’) (၂၂’) ဒီနှစ်သင်းကတော့ ယခုပွဲမှာနိုင်နိုင်ရှုံးရှုံး အိမ်ပြန်ကြရပါပြီ။ (Xinhua)
၂၅.၆.၂၀၁၈. ပထမပွဲ- ပွဲပြီးရလဒ် အုပ်စု A ဥရုဂွေး ၃ – ဝ ရုရှား (၁၀’,၂၃’,၉၀’) ယခုပွဲနိုင်လို့အုပ်စု A မှာ ဥရုဂွေး အသင်းက သုံးပွဲကစားသုံးပွဲနိုင် ၉ မှတ် နဲ့ အုပ်စုပထမ၊ ရုရှား အသင်းက သုံးပွဲကစား နှစ်ပွဲနိုင်တစ်ပွဲရှုံး ၆...
ကွမ်တုံ၊ ဇွန် ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်းကွမ်တုံပြည်နယ် ဝမ်ရှန်းလျှပ်စစ်ဓါတ်အားခွဲရုံ တွင် စက်ရုပ်များအသုံးပြုကာစစ်ဆေး လျက်ရှိကြောင်းသိရသည်။ နံမည်ကျော် ကာတွန်းဇာတ်ကောင် Wall-E အသွင် စက်ရုပ် ၄ ရုပ်မှာ ဓါတ်အားခွဲရုံများကို စစ်ဆေးသည့်တာဝန်ကိုယူထားကြသည်။ စက်ရုပ်များတွင်3D လေဆာစနစ်ကို အသုံးပြုထားပြီး ပုံရိပ်မှတ်စနစ်နှင့် အပူချိန်အာရုံခံစနစ်တို့ကိုပါ ထည့်သွင်းထားခြင်းဖြစ်သည်။ လေ့လာစစ်ဆေးမှုများပြီးနောက်...
ဆိုးလ်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် ရထားလမ်း၊ ကုန်လမ်းနှင့် သစ်တော ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲများ ပြုလုပ်ရန် သဘောတူခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ဇွန်လ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ် Edouard Philippe အား ဇွန်လ ၂၅ ရက်က မြို့တော် ပေကျင်း၌ လက်ခံတွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံ အနေဖြင့် ပြင်သစ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံအကြား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ...
အေသင်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) ဂရိနိုင်ငံတောင်ပိုင်းတွင် ရစ်ချ်စတာစကေး ၅.၄ ပြင်းအားရှိသော ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း ဥရောပ မြေထဲပင်လယ်အနီးတဝိုက် မြေငလျင်ဗေဒစင်တာအရ သိရသည်။
ရန်ကုန်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်- ဒလ ချစ်ကြည်ရေးကြိုးတံတားကြီး ဆောက်လုပ်မှုလုပ်ငန်းများကို ယခုနှစ်ကုန်ပိုင်းတွင် စတင်ဆောင်ရွက်မည်ဖြစ် ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နယူးဒေလီ၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံသည် အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) မှ အများဆုံး ချေးငွေယူသည့် နိုင်ငံဖြစ်လာခဲ့ကြောင်း၊ လွန်ခဲ့သည့် သုံးနှစ်အတွင်း စီမံကိန်းများတိုးချဲ့ရန် အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံ ချေးယူခဲ့ခြင်း ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ စီးပွားရေးဆိုင်ရာဦးစီးဌာန အတွင်းဝန် Subhash...
ထရီပိုလီ ၊ ဇွန် ၂၅ ရက်(ဆင်ဟွာ) လစ်ဗျားရေတပ်က ဇွန် ၂၄ ရက်တွင် လစ်ဗျားနိုင်ငံအနောက်ပင်လယ်ပြင်၌ကယ်ဆယ်ရေးနှစ်ကြိမ် ပြုလုပ်ခဲ့ပြီး စုစုပေါင်း တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၄၅၈ ဦးအား ကယ်ဆယ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အနေဖြင့် နေရာပြည့်ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ၌ ဆုံးဖြတ်ချက်ချခဲ့ကြောင်း ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်ဒေါက်တာမေဝင်းမြင့်က ဆင်ဟွာသို့ပြောကြားသည်။