ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် အမြန်လမ်းမကြီး၌ ယာဉ်တိမ်းမှောက်မှုကြောင့် ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဆိုးလ်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ ရှိ လေဆိပ်တစ်ခုတွင် ခရီးသည်တင် ဂျက်လေယာဉ် ၂စီး အသေးစားတိုက်မိမှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူမရှိကြောင်း ပြည်တွင်းသတင်း၌ ဇွန် ၂၆ ရက်တွင်ဖော်ပြခဲ့သည်။
ပေကျင်း၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် သည် ၇ကြိမ်မြောက် တရုတ်-အီးယူ အဆင့်မြင့် စီးပွားရေး နှင့် ကုန်သွယ်ရေး စကားဝိုင်း သို့ တက်ရောက်လာသော ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌ Jyrki Katainen နှင့် ဇွန် ၂၅ရက်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) ၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ ဆဋ္ဌမနေ့ ဖြစ်သည့် ဇွန် ၂၅ ရက်တွင် ကျောက်စိမ်း အတွဲ ပေါင်း ၈၃၃ တွဲကို ယူရို ၇၄.၁၂၂ သန်းဖြင့် ရောင်းချခဲ့ကြောင်း မြန်မာ့...
ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၏ အနောက်-အနောက်မြောက်ဘက် (၁၄)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၂.၁၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၉၄ ဒီဂရီ၊ အနက်(၁၅) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
ဘရပ်ဆဲ၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) ဘရပ်ဆဲလ်မြို့ မြောက်ဘက်တွင် ဇွန်လ ၂၅ ရက်ညနေပိုင်းတွင် ကုန်လှောင်ရုံ တစ်ရုံ မီးလောင်မှုဖြစ်ပွားခဲ့သည်။
ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကြီးတွင် ဗဟိုကော်မတီဝင်များနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီများ တိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း ယနေ့ NLDက ပြုလုပ်သော ညီလာခံနှင့် ပတ်သတ်သော သတင်းစာရှင်းလင်းပွဲတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဒုတိယ ဥက္ကဋ္ဌ(၂) ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။ အဆိုပါ ညီလာခံတွင် ဗဟိုကော်မတီဝင်နှင့် အရန်ဗဟိုကော်မတီဝင်များကို...
ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံပထမနေ့ကို ယနေ့ ဇွန်လ ၂၃ ရက်နေ့စတင်ကျင်းပခဲ့ကြောင်း သိရသည်။ လက်ရှိကျင်းပသော နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံတွင် နိုင်ငံတော်အစိုးရ၏ ဦးစားပေး ရည်မှန်းချက် (၃) ရပ်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး တရားဥပဒေ စိုးမိုးရေးနှင့်...
ဒမတ်စကတ်စ် ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံမှ ပစ်လွှတ်လိုက်သော ဒုံးကျည် နှစ်စင်းသည် ဆီးရီးယားနိုင်ငံ ဒမတ်စကတ်စ်လေဆိပ်အနီးသို့ကျရောက်ခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင်ရုပ်သံက သတင်းထုတ်လွှင့်ခဲ့သည်။
နေပြည်တော်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) မျိုးဆက်သစ်လူငယ်များကိုလူညွန့်တုံးစေမည့် မူးယစ်ဆေးဝါး အန္တရာယ်အားစုပေါင်း နှိမ်နင်းကြရန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ယနေ့နံနက် နေပြည်တော်တွင်ကျင်းပသည့် “Listen FIRST” ‘အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု နှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့’ အခမ်းအနားတွင် ပြောကြားခဲ့သည်။...