ရန်ကုန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) ဘာရိန်းနိုင်ငံ မနားမားမြို့၌ ဇွန် ၂၄ ရက်မှ ဇူလိုင် ၄ ရက်အထိ ကျင်းပနေသော (၄၂)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံတွင် ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်နိုင်ရေး မြန်မာ ကြိုးပမ်းမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဂျေရုဆလမ်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ မင်းသား ဝီလျံသည် အစ္စရေးနိုင်ငံ သမ္မတ Reuven Rivlin နှင့် ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု (Benjamin Netanyahu) တို့နှင့် ဇွန်လ ၂၆ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။
အာမန် ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) ဂျော်ဒန်တွင် လုံလောက်သည့်ကူညီလက်ခံနိုင်စွမ်းမရှိတော့သောကြောင့် ဆီးရီးယားဒုက္ခသည်များကို ထပ်ပြီးလက်ခံတော့မည်မဟုတ်ကြောင်း ဂျော်ဒန်ဝန်ကြီးချုပ် Omar Razzaz က အောက်လွှတ်တော် ဥက္ကဋ္ဌ Atef Tarawnehနှင့်တွေ့ဆုံပြီးနောက် ဇွန် ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ရှီးချန်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေး စင်တာ မှ နည်းပညာသစ်စမ်းသပ်မှု ဂြိုဟ်တု ၂လုံးအား Long March-2C ဒုံးပျံဖြင့် ဇွန် ၂၇ ရက် နံနက်ပိုင်းတွင် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ဟာဗာနား၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) Maria Emilia Quesada Blanco အမည်ရှိ ကျူးဘားနိုင်ငံ ၏ အသက်အကြီးဆုံး အမျိုးသမီး သည် အသက် ၁၁၇နှစ်အရွယ် တွင် Cienfuegos မြို့ရှိ ၎င်း၏ နေအိမ်၌ ဇွန် ၂၅ ရက်က ကွယ်လွန်သွားခဲ့ကြောင်း...
ကိဗ်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ Rivne ဒေသ တွင် ဇွန် ၂၅ရက် ညနေပိုင်းက ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၄ဦး သေဆုံးပြီး အခြားလူ ၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားရဲတပ်ဖွဲ့က ဇွန် ၂၆ ရက်တွင်ထုတ်ပြန်ခဲ့သည်။
ဆိုးလ်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ အလယ်ပိုင်း ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၃ဦးသေဆုံးပြီး အခြားလူ ၃၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းသတင်းက ဇွန် ၂၆ ရက်တွင်ဖော်ပြခဲ့သည်။
ရန်ကုန် ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က စွန့်လွှတ်မြေများနှင့် ပတ်သက်၍ နှောင့်နှေး ကြန့်ကြာမှု မရှိစေဘဲ မူလ ပိုင်ရှင်များထံ အမြန်ဆုံး အပ်နှံ သွားရန် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေး ဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး...
ဟူစတန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ အနောက်မြောက်ဘက် ၃၂၅ကီလိုမီတာ ခန့်အကွာ Gatsville မြို့ရှိ ဆေးရုံတစ်ခု၌ ဇွန် ၂၆ ရက် နေ့လည်ပိုင်းတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ ဆောက်လုပ်ရေးဝန်ထမ်းတစ်ဦး သေဆုံးပြီး အခြားလူ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။