ရီယာ့ဒ်၊ မေ ၂၁ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ရှိ မဟာဗလီကြီး (Grand Mosque) တွင် ကရိန်းတစ်ခု၏ အစိတ်အပိုင်းတစ်ခု ပြုတ်ကျမှုဖြစ်ပွားခဲ့ရာ အလုပ်သမားတစ်ဦး ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း Sabq ပြည်တွင်းအွန်လိုင်းသတင်းဌာန က မေ ၂၀ ရက်တွင်ဖော်ပြခဲ့သည်။
နယူးဒေလီ၊ မေ ၂၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ် တွင် အရက်တုများ သောက်သုံးမှုကြောင့် အနည်းဆုံး လူ ၅ဦး သေဆုံးပြီး အများအပြား နေထိုင်မကောင်းဖြစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က မေ ၂၀ ရက်တွင်ပြောကြားခဲ့သည်။
ဘန်ကောက် ၊ မေ ၂၁ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ တောင်ပိုင်း Narathiwat ၊ Patani ၊ Yala နှင့် Songkhlaပြည်နယ်တို့တွင် မေလ ၂၀ ရက် ညပိုင်းက အသေးစားဗုံးပေါက်ကွဲမှု ၁၀ ခုကျော်ဖြစ်ပွားရာ အနည်းဆုံး လူ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။...
အန်ကာရာ ၊ မေ ၂ဝ ရက် (ဆင်ဟွာ) ဘော့စနီးယား နှင့် ဟာဇီဂိုဗီနား နိုင်ငံသို့မကြာမီ အလည်အပတ်သွားမည့် ခရီးစဉ်အတွင်း တူရကီနိုင်ငံသမ္မတ အာဒိုဂန်အား လုပ်ကြံရန် ကြိုးပမ်းမှုတစ်ခု ရှိနေကြောင်း ပြည်ပရှိ တူရကီမျိုးနွယ် နှင့် အနောက်တိုင်း ထောက်လှမ်းရေးအဖွဲ့များက သတိပေးမှုပြုလုပ်ခဲ့သည်ဟု တူရကီနိုင်ငံပိုင် Anadolu သတင်းအေဂျင်စီက...
ဝါရှင်တန်၊ မေ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့သည် စီးပွားရေး နှင့် ကုန်သွယ်ရေး ညှိနှိုင်းဆွေးနွေးမှုဆိုင်ရာ ပူးတွဲကြေညာချက် တစ်ခုအား မေ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့ပြီး တစ်နိုင်ငံ နှင့် တစ်နိုင်ငံ ကုန်သွယ်ရေးစစ်ပွဲ မပြုလုပ်ရန် ကတိပြုခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ မေ ၂၀ ရက်(ဆင်ဟွာ) ဖားကန့်မြို့နယ်၊ မမုံကျေးရွာအနီး မြန်မာ သူရကုမ္ပဏီ လုပ်ကွက်၌ မေ ၁၉ ရက် ညနေပိုင်းက မြေစာပုံ ပိ၍ ရေမဆေးကျောက် ရှာဖွေသူ ၁ ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ...
အဘီဒီဂျန်၊ မေ ၂၀ ရက်(ဆင်ဟွာ) နိုင်ဂျာနိုင်ငံအနောက်ပိုင်း Tillaberyပြည်နယ်ရှိ ကျေးရွာတစ်ရွာအား မေလ ၁၈ ရက် ညဦးပိုင်းတွင် လက်နက်ကိုင်လူတစ်စုက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး အရပ်သား ၁၇ ဦး သေဆုံး ခဲ့ကြောင်း နိုင်ဂျာနိုင်ငံ လုံခြုံရေးဝန်ကြီးဌာနက မေ ၁၉ ရက်နေ့တွင် ပြောကြားခဲ့ သည်။