ဂျာကာတာ၊ မေ ၁၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် မြို့တော် ဆူရာဘာရာမြို့ ရှိ ခရစ်ယာန်ဘုရားကျောင်း ၃ခု ၌ မေ ၁၃ရက်တွင် အသေခံဗုံးဖောက်ခွဲမှုများ ပြုလုပ်ခဲ့ရာ လူ ၆ဦးသေဆုံးပြီး အနည်းဆုံး လူ ၃၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ဆိုင်ရာရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Frans...
အန်ကာရာ၊ မေ ၁၃ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အရှေ့မြောက်ပိုင်း အာဒါဟန်ပြည်နယ် တွင် မေ ၁၂ ရက်က ခရီးသည်တင်ဘတ်စ်ကားတစ်စီး မတော်တဆမှုဖြစ်ပွားခဲ့ရာ လူ ၄ဦးသေဆုံးပြီး အခြားလူ ၂၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်း၌ဖော်ပြခဲ့သည်။
ပြုံယမ်း၊ မေ ၁၃ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ (DPRK) က ၎င်း၏ နျူကလီးယားစမ်းသပ်သည့်နေရာအား ဖျက်သိမ်းမည့် အခမ်းအနားကို မေ ၂၃ရက် မှ ၂၅ရက် အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းဌာန က မေ ၁၂ရက် တွင် ပြောကြားခဲ့သည်။
တလျန် ၊ မေ ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ ပထမဆုံးတီထွင်ထုတ်လုပ်ထားသော လေယာဉ်တင်သင်္ဘောကို နိုင်ငံအရှေ့မြောက်ပိုင်း Liaoning ပြည်နယ်ရှိ တလျန်သင်္ဘောကျင်းတစ်ခု၌ ယနေ့(မေလ ၁၃ ရက်) နံနက်ပိုင်းတွင် ရေချခဲ့ကြောင်း သိရသည်။
ပါရီ ၊ မေ ၁၃ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ ပါရီမြို့လယ်ခေါင်၌ မေလ ၁၂ ရက် ညပိုင်းတွင် လူတစ်ဦးက ဓားဖြင့် လိုက်လံတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ချုံကျင်း၊ မေ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အကြီးဆုံး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသည့် စီမံကိန်းတစ်ခုအဖြစ် နိုင်ငံ၏ အနောက်တောင်ပိုင်းချုံကျင်းတွင် ယခင်က အမှိုက်စွန့်ပစ်ဖျက်ဆီးသည့် မြေနေရာ ဧက စတုရန်းမီတာပေါင်း ၆၉၁,ဝဝဝ ပေါ်တွင် ပန်းခြံကြီး တစ်ခု အဖြစ်ပြောင်းလဲမည်ဖြစ်သည်။ ထိုနေရာ ကို ၂ဝဝ၃ ခုနှစ်ဇူလိုင်လ တွင် အမှိုက်စတင်စွန့်ပစ်ခဲ့ကြပြီး...
ကွာလာလမ်ပူ၊ မေ ၁၂ ရက် (ဆင်ဟွာ) အသစ်ရွေးကောက်ခြင်းခံထားရသော မလေးရှားနိုင်ငံ ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် (Mahathir Mohamad) သည် နိုင်ငံ့တာဝန်၏ ပထမဆုံးခြေလှမ်းအဖြစ် ၎င်း၏ “အစိုးရအဖွဲ့ငယ်” တွင် ဝန်ကြီးသုံးဦးအား အမည်စာရင်းတင်သွင်းခြင်းနှင့် အစိုးရအား အကြံပေးရန် “Council of elders” အား...
ရန်ကုန်၊ မေ ၁၂ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် ၈ ဦးသေ၊ ၂၀ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဂိုမာ၊ မေ ၁၂ ရက် (ဆင်ဟွာ) ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ(DRC)အရှေ့ပိုင်း Kivပြည်နယ် မြောက်ဘက်ရှိ Virunga National Park တွင် မေလ ၁၁ ရက်က ခြုံခိုတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အနောက်နိုင်ငံသား ခရီးသွားဧည့်သည်နှစ်ဦး ပြန်ပေးဆွဲခံရကြောင်း သိရသည်။