ဂါဇ်နီ ၊ မေ ၈ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ဂါဇ်နီ(Ghazni) ပြည်နယ်၌ အဝေးထိန်းမိုင်းတစ်လုံး(IED)ကို တပ်ဆင်နေစဉ် မတော်တဆပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး စစ်သွေးကြွ ၁၁ ဦးသေဆုံးသွားကြောင်း ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူက မေ ၈ ရက်တွင်ပြောကြားခဲ့သည်။
ဘာလင်၊ မေလ ၈ ရက်(ဆင်ဟွာ) ဂျာမနီနိုင်ငံ အရှေ့တောင်ပိုင်း အာချဒ်(Aichach)မြို့ မီးရထားဘူတာအနီးတွင် မေလ ၇ ရက်နေ့ က ရထားနှစ်စီးတိုက်မိမှုဖြစ်ပွားခဲ့ရာ လူ ၂ ဦးသေဆုံးပြီး ဒဏ်ရာရသူအမြောက်အမြားရှိခဲ့ကြောင်း သိရှိရသည်။
မော်စကို၊ မေ ၈ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း တွင် ရုရှား Ka-52 တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ရာ လေယာဉ်မှူး ၂ဦးစလုံး သေဆုံးသွားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန က မေ ၇ရက်တွင်ပြောကြားခဲ့သည်။
ဂျေရုစလမ် ၊ မေ ၈ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင်နက်တန်ယာဟုက အစ္စရေးနိုင်ငံအား မည်သည့်တိုက်ခိုက်လာမှုမျိုးကိုမဆို ပြတ်ပြတ်သားသား တုံ့ပြန်မှုမျိုးဖြင့် ကြုံတွေ့သွားရမည်ဖြစ်ကြောင်း မေလ ၇ ရက် မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် သံတွဲမြို့၏ အရှေ့ မြောက်ဘက် (၁၂)မိုင်ခန့် အကွာ သူဌေးချောင်းပေါ်တွင် တည်ဆောက်နေသော သူဌေး ရေအားလျှပ်စစ်စီမံကိန်းသည် ၄၇ ရာခိုင်နှုန်းကျော် ပြီးစီးနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အာဘူဂျာ ၊ မေလ ၈ ရက်(ဆင်ဟွာ) နိုင်ဂျီးရီးယားစစ်တပ်က နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Bornoပြည်နယ်တွင် ကယ်ဆယ်ရေး လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ရာ ဘိုကိုဟာရမ်(Boko Haram)အစွန်းရောက်အဖွဲ့အစည်း၏လက်ထဲမှ ဓားစာခံလူ ၁၀၀၀ ခန့်ကို ကယ်ဆယ်နိုင်ခဲ့သည်ဟု နိုင်ဂျီးရီးယားစစ်တပ်က မေလ ၇ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ကြောင်းသိရသည်။
ရန်ကုန်၊ မေ ၇ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်၏ Lifestyle & Wedding Fairနှင့် အာဆီယံ ဖက်ရှင် ဒီဇိုင်နာများပါဝင်သော ASEAN Fashion Designer Showcase(AFDS)တို့ ပူးပေါင်းပြီး ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ဖက်ရှင်ရှိုးပွဲကို နှစ်ရက် ကျင်းပမည်ဖြစ်ကြောင်း အဆိုပါပွဲကျင်းပရေးနှင့်...
မော်စကို၊ မေ ၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတ ဗလာဒီမာ ပူတင်က ၎င်း၏ ၄ ကြိမ်မြောက်သမ္မတသက်တမ်းအတွက် ယနေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ရာ သမ္မတကျမ်းသစ္စာကျိမ်ဆိုပွဲ မြင်ကွင်းအပြည့်အစုံကို အောက်ပါလင့်ခ်မှ တစ်ဆင့်ကြည့်ရှုနိုင်ပါသည်။ ရုရှား သမ္မတပူတင်မှာ ၂ဝ၁၈ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင်ကျင်းပသည့် ရွေးကောက်ပွဲ တွင် အနိုင်မဲ...
ကွေ့ကျိုး၊ မေ ၇ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်းကွေ့ကျိုးပြည်နယ်တွင် ဆွံ့အနားမကြားသူများက ဝန်ဆောင်မှုပေးသည့် Silent Bakeryဆိုသည့် ပေါင်မုန့်ဆိုင်တစ်ဆိုင်ရှိသည်။ ဝန်ထမ်းအများစုမှာ ဆွံ့အနားမကြားသူများဖြစ်သောကြောင့် စာရေးသားခြင်း၊ လက်အမူအယာပြခြင်းတို့ဖြင့် ဝယ်သူများနှင့် ရောင်းဝယ်ပြောဆိုကြသည်။ ဆွံ့အနားမကြားသူများအတွက်အလုပ်အကိုင်အခွင့်အလမ်းတစ်ခုဖန်တီးပေးသည့်အနေဖြင့်ထိုသို့ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း Silent Bakery ၏ co founder ဖြစ်သူ Zeng Nan က...
ကျန်းကျားကျဲ၊ မေ ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအလယ်ပိုင်းကျန်းကျားကျဲရှိ ထျန်းမင်တောင်ကြားလမ်းမှာ တောင်စောင်းတစ်လျှောက် အကွေ့အကောက်ပေါင်း၉၉ ခုရှိကာ ကမ္ဘာ့ အန္တရာယ်အများဆုံးလမ်းတစ်ခုဖြစ်သည်။ မေလ ၃ ရက်နေ့တွင် တရုတ်နိုင်ငံသား ထိပ်တန်းစကိတ်အားကစားသမား တစ်ဦးဖြစ်သူ Qing Yunhui ဆိုသူက လမ်းအရှည် ၁၁ ကီလိုမီတာနီးပါးရှိပြီး အကွေ့အကောက်ပေါင်း ၉၉ ခု...