ဒမတ်စကပ်စ်၊ မေ ၉ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ လေကြောင်း ကာကွယ်ရေးစနစ်များက မြို့တော် ဒမတ်စကပ်စ်မြို့ တောင်ဘက် Kisweh မြို့ တွင် မေ ၈ ရက် ညနေပိုင်းက အစ္စရေး၏ ဒုံးကျည်ပစ်ခတ်မှုကို တုံ့ပြန်ခဲ့ပြီး ဒုံးကျည်၂စင်းကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
တီဟီရန် ၊ မေလ ၉ ရက်(ဆင်ဟွာ) အီရန်နျူကလီးယားသဘောတူညီချက်ကို ဆက်လက်ထားရှိသင့်ကြောင်း ၊ သဘောထားကွဲလွဲချက် များကို ဆွေးနွေးညှိနှိုင်းမှုဖြင့် ဖြေရှင်းသင့်ကြောင်း အီရန်နိုင်ငံသို့ သွားရောက်လည်ပတ်နေသည့် တရုတ်နိုင်ငံ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန် ကုံးရှောင်ဆန်း(Gong Xiao Sheng)က မေလ ၈ ရက်နေ့တွင် ပြောကြားခဲ့သည်ဟု သိရှိရသည်။
အစ္စလာမ်မာဘတ်၊ မေ ၉ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်နှင့် နိုင်ငံ၏ အနောက်မြောက်ဘက်ရှိ Khyber Pakhtunkhwa ပြည်နယ်နှင့် ပန်ဂျပ်ပြည်နယ် အရှေ့ပိုင်းတို့တွင် မေလ ၉ ရက် နံနက်ပိုင်းက အင်အား ၅.၅ ရစ်ချ်တာစကေး ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဒေသခံ...
ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ) လှိုင်သာယာမြို့နယ် ထိန်ပင်သုသာန် အနောက်ဘက် အကျယ်အဝန်း ဧက ၃၀၀၊ အမြင့် ၁၀ ပေခန့်ရှိ အမှိုက်ပုံ မီးကြွင်းမီးကျန်များကို မေ ၈ ရက်တွင် မီးအပြီးသတ် ငြှိမ်းသတ်သွားနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ကိဗ်၊ မေ ၉ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ အလယ်ပိုင်း Cherkassy မြို့တွင် အဆိပ်သင့်မှုဟု ယူဆရသော ဖြစ်စဉ်ကြောင့် အနည်းဆုံး ကလေးငယ် ၅၁ဦး နှင့် ဆရာ ၂ဦး ကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း နိုင်ငံတော် အရေးပေါ်ကိစ္စရပ်များဌာန က မေ ၈...
ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊မောင်တောမြို့ ကညင်ချောင်းစီးပွားရေးဇုန်တည်ဆောက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းနှင့် သံတွဲမြို့ ငပလီလေဆိပ်အနီး ပြည်နယ်အစိုးရဧည့်ဂေဟာနှင့် ဆက်စပ် အဆောက်အဦများ ဆောက်လုပ်ရေးလုပ်ငန်းသဘောတူ စာချုပ်ချုပ်ဆိုခြင်းအခမ်းအနားကို မေ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်းရှိ သဝန်ချောင်းကင်းစခန်း၌ ကျပ် သိန်းပေါင်း ၄၈၀၀၀ တန်ဖိုးရှိ WY စာတမ်းပါ စိတ်ကြွဆေးပြားများဖမ်းမိခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဝါရှင်တန် ၊ မေ ၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အီရန်နျူကလီးယားသဘောတူညီချက်က အမေရိကန်နိုင်ငံနုတ်ထွက်ကြောင်း မေလ ၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ယင်းဆုံးဖြတ်ချက်မှာ တစ်ကမ္ဘာလုံးကပင် တားဆီးလက်မခံမှုများ နှင့် ရှုတ်ချမှုများကို ချက်ချင်း ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။
နေပြည်တော် ၊ မေ ၈ ရက်(ဆင်ဟွာ) ပြည်ထဲရေး ဝန်ကြီးဌာန နှင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန တို့အကြား တရား ဥပဒေ စိုးမိုးရေး နှင့် လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ဝန်ကြီး အဆင့် အစည်းအဝေးအား ယနေ့မေ...
ရန်ကုန်။ မေ ၈ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာလ ၃ ရက်နေ့တွင်ကျင်းပမည်ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ မေလ ၈ရက်တွင် ထုတ်ပြန်ကြေညာကြောင်းသိရသည်။