ကိုလံဘို ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) သီရိလင်္ကာ နိုင်ငံ ဝန်ကြီးချုပ် Ranil Wickremesinghe က ဇန်နဝါရီ ၂ ရက်နေ့၌ သီရိလင်္ကာ-တရုတ် နှစ်နိုင်ငံ ပူပေါင်းဆောင်ရွက်သည့် ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်ရေး တွင် ပါဝင်သည့် ကိုလံဘို ဆိပ်ကမ်း မြို့တော် စီမံကိန်း...
ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ကြီးမားသောစီမံကိန်းများဆောင်ရွက်ခြင်းဆိုသည့်အဓိပ္ပါယ် ကို သက်သေပြသနိုင်ရန်အတွက် ကမ္ဘာ့အမြင့်ဆုံးတံတား၊ ကမ္ဘာ့အရှည်ဆုံး လူအင်အားသုံးတည်ဆောက်သည့်ပင်လယ်ဖြတ်ကူးတံတားနှင့် ကမ္ဘာ့အမြန်ဆုံးစူပါကွန်ပျူတာတီထွင်ထုတ်လုပ်မှုကဲ့သို့ စီမံကိန်းကြီးများကို အောင်မြင်အောင်ဆောင်ရွက်ခဲ့ပြီဖြစ်သည်။ ယခု video ထဲတွင် ၂ဝ၁၇ ခုနှစ်အတွင်း တရုတ်နိုင်ငံက တည်ဆောက်အကောင်အထည်ဖော်ခဲ့သည့် အံ့မခန်းအင်ဂျင်နီယာအတတ်ပညာဆိုင်ရာ စီမံကိန်းများ၊ အခြေခံအဆောက်အအုံများနှင့်သိပ္ပံနည်းကျ စီမံကိန်းများအကြောင်းကို စုစည်းတင်ပြခြင်းဖြစ်သည်။(Xinhua)
နယူးယောက် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) နယူးယောက်မြို့ရှိ ထင်ရှားသောနေရာများတွင် ကားဖြင့် မောင်းနှင်တိုက်မှုများ နှင့် အခြားသော အကြမ်းဖက်မှုနှင့်ဆက်စပ်သော တိုက်ခိုက်မှုများကို တားဆီးရန်အတွက် လုံခြုံရေးအတားအဆီးပေါင်း ၁၅ဝဝ ခုကို ချထားမည်ဖြစ်ကြောင်း သိရသည်။
ဆိုးလ်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ (DPRK) သည် ၂၀၁၆ခုနှစ်အစောပိုင်းကတည်းက ပိတ်ထားခဲ့သော ပန်မွန်ဂျုံ အပစ်အခတ်ရပ်စဲရေးရွာတွင် တောင်ကိုရီးယားနိုင်ငံနှင့် ဆက်သွယ်ရေးလိုင်းအား ပြန်ဖွင့်မည်ဖြစ်ကြောင်း ပြည်တွင်း သတင်းဋ္ဌာနများက ဇန်နဝါရီ ၃ ရက်တွင်ဖော်ပြခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေး ဆိုင်ရာ ကော်မတီ၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များမှ ဒေသတွင်း နေရပ်စွန့်ခွာထွက်ပြေးသူများစခန်း (IDP) ကိစ္စရပ်များနှင့် လွတ်လပ်စွာ သွားလာခွင့်ဆိုင်ရာ ညှိနှိုင်းဆောင်ရွက် ဆွေးနွေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဘူဂျာ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံမှ ရေနံပေါများစွာ ထွက်ရှိသည့် Rivers ပြည်နယ်တွင် ဇန်နဝါရီလ ၁ ရက် အစောပိုင်းက သန်းခေါင်ယံ ဝတ်ပြုဆုတောင်းပွဲမှ ပြန်လာသူများအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ အနည်းဆုံး ဝတ်ပြုဆုတောင်းသူ ၂၁ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အရာရှိတစ်ဦးက...
ဟနွိုင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Bac Ninh ပြည်နယ် တွင် ဇန်နဝါရီ ၃ရက် နံနက်ပိုင်းက ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့ရာ ကလေးငယ်၂ဦးသေဆုံးပြီး လူ ၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ အာဏာပိုင်များက ကြေညာခဲ့သည်။
နယူးယောက်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်မြို့ Bronx ခရိုင် တွင် လွန်ခဲ့သော ရက်အနည်းငယ်က မီးလောင်မှုကြောင့် လူ ၁၂ဦးသေဆုံးခဲ့ပြီးမကြာခင် ဇန်နဝါရီ ၂ ရက်တွင် အလားတူခရိုင်၌ပင် အဆောက်အအုံတစ်လုံးမီးလောင်မှု ဖြစ်ပွားခဲ့၍ အနည်းဆုံးလူ ၂၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ရခိုင်ပြည်နယ် မောင်တော ကုန်သွယ်ရေးစခန်း၏ ပို့ကုန်ပမာဏသည် အမေရိကန် ဒေါ်လာ ၈.၃၁၁သန်းအထိ မြင့်တက်ခဲ့ကြောင်း မောင်တော ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်း ဒေသကြီး အတွင်း တရား ဥပဒေ စိုးမိုးရေး ၊ မှုခင်း ကျဆင်းရေး လုပ်ငန်းများ ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ အနေဖြင့် လင်းယုန်စီမံချက်ကို ဇန်နဝါရီလ ၁ ရက်မှ...