ဟူစတန် ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ်၌ သြဂုတ် ၃ ရက်က သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ဝ ဦးသေဆုံးပြီး အခြား ၂၆ ဦးဒဏ်ရာရခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အိုဟိုင်းအိုးပြည်နယ်(Ohio) ၌ သြဂုတ် ၄ ရက် တွင် သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၉ ဦးသေဆုံးပြီး အခြားလူ ၁၆ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ဆိုသည်။ ၎င်းပစ်ခတ်မှုမှာ ဒေသစံတော်ချိန် နံနက် ၁ နာရီတွင်...
ဟဲနန်၊သြဂုတ် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟဲနန်ပြည်နယ်တွင် တရုတ်ပြည်တွင်းဖြစ် လျှပ်စစ်စွမ်းအင်သုံး မောင်းသူမဲ့ ထွန်စက်များ ကို လယ်ယာလုပ်ငန်းခွင် အတွင်း စမ်းသပ်မောင်းနှင်မှု ပြုလုပ်ခဲ့သည်။ Super Tractor I ဟု အမည်ပေးထားသည့် အဆိုပါ ထွန်စက်များကို လယ်ကွက်အတွင်း သတ်မှတ်ပေးထားသည့် လမ်းကြောင်းတစ်လျှောက် အလိုအလျောက်မောင်းနှင်ရန်နှင့် လမ်းတွင်...
တီဟီရန် ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) အီရန်နိုင်ငံအစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC) က ပင်လယ်ကွေ့၌ လောင်စာဆီများ “မှောင်ခို” သယ်ဆောင်သည်ဟုဆိုကာ အီရတ်ဆီတင်သင်္ဘောတစ်စင်းကို ဖမ်းဆီးလိုက်ကြောင်း အီရန်နိုင်ငံပိုင် IRNA သတင်းအေဂျင်စီက သြဂုတ် ၄ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ကိုလံဘို ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၌ ပြီးခဲ့သော ဇူလိုင်လအတွင်း အရက်သောက်ပြီး ကားမောင်းသော ယာဉ်မောင်း ၇,ဝဝဝ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ၊ နိုင်ငံတစ်ဝှမ်း ဇူလိုင် ၅ ရက်မှ စတင်ကာ ပြုလုပ်သော အထူးစစ်ဆင်ရေးအစီအစဉ်တစ်ခုတွင် အရက်သောက်၍ ကားမောင်းသူများကို တင်းတင်းကြပ်ကြပ် ဖမ်းဆီးမှုများပြုလုပ်ခဲ့ကြောင်း...
ပေကျင်း၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) တရုတ်ဆက်သွယ်ရေးပစ္စည်းများထုတ်လုပ်သည့် ZTE ကော်ပိုရေးရှင်းက တရုတ်နိုင်ငံဈေးကွက်အတွင်းသို့ ပထမဦးဆုံး 5G ဖုန်းဒီဇိုင်း(မော်ဒယ်) 5G စမတ်ဖုန်းများကို သြဂုတ် ၅ ရက် တွင် စတင်ရောင်းချခဲ့ကြောင်း ထို (ZTE) ကုမ္ပဏီ ၏ Wechat တွင် တရားဝင်ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏမိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက်ထုတ်ပြန်သည်။
ချီကာဂို၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ချီကာဂိုမြို့တွင် သြဂုတ် ၄ ရက်က သေနတ်ပစ်ခတ်မှု ၂ ခု ဆက်တိုက်ဖြစ်ပွားရာ လူ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကိုင်ရို ၊သြဂုတ် ၅ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် သြဂုတ် ၄ ရက် ညဉ့်နက်ပိုင်းက ယာဉ်မတော်တဆမှုမှတစ်ဆင့် ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ပြီး ၂၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း အီဂျစ် ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
တိုကျို ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) ဂျပန် နိုင်ငံ၏ ဖူကူရှီးမား စီရင်စု၌ သြဂုတ် ၄ ရက်တွင် ပြင်းအား ၆.၂ အဆင့်ရှိ ငလျင် တစ်ခု လှုပ်ခတ် သွားခဲ့ကြောင်း ဂျပန် မိုးလေဝသ အေဂျင်စီထံမှ သိရသည်။