ရန်ကုန် ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) မြန်မာ့ ရိုးရာခြင်းလုံး အားကစား ပြန့်ပွားရေး အတွက် ရည်ရွယ်၍ မြန်မာနိုင်ငံ ရိုးရာ ခြင်းလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား မိုးရာသီ တံခွန်စိုက် မြန်မာ့ ရိုးရာ ခြင်းလုံး ဝိုင်းဖွဲ့အမှတ်ခတ် ပြိုင်ပွဲအား ကျင်းပ ပြုလုပ်ရာ...
ပေကျင်း၊ ဇူလိုင် ၁၄ရက်(ဆင်ဟွာ) သြစတြေးလျနိုင်ငံ အနောက်မြောက်ပိုင်း ပင်လယ်ပြင်၌ ယနေ့(ဇူလိုင် ၁၄ ရက်)တွင် ပြင်းအား ၆.၆ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိတိုင်းတာရေးဌာန(USGS) ငလျင်သတင်းဝဘ်ဆိုက်ဘ်မှ သိရသည်။ (Xinhua)
ကီးယက်၊ ဇူလိုင် ၁၄ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ ကီးယက်မြို့ ရှိ ၁၁၂ ရုပ်မြင်သံကြား ဌာန အဆောက်အဦကို ဇူလိုင် ၁၃ ရက် နံနက်ပိုင်းက ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်သည့် သတင်းများအရ သိရသည်။
ဟူစတန်၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) ဟာရီကိန်း မုန်တိုင်း “ဘာရီ(Barry)” သည် အမေရိကန်နိုင်ငံ တောင်ပိုင်း လူဝီစီးယားနားပြည်နယ်(Louisiana)ကို ဇူလိုင် ၁၃ ရက်က ဝင်ရောက်တိုက်ခတ်ခဲ့ရာ လက်ရှိတွင် လူပေါင်း ၁ သိန်း ၃ သောင်းခန့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများကြုံတွေ့နေရကြောင်း သိရသည်။
နယူးဒေလီ ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း အာသံပြည်နယ်၌ ရေကြီးရေလျှံမှုဖြစ်ပွားရာ အနည်းဆုံး လူ ၆ ဦးသေဆုံးပြီး ၉ဝဝ,ဝဝဝ ခန့်ရေဘေးသင့်လျက်ရှိကြောင်း အစိုးရတာဝန်ရှိသူများက ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့သည်။
တာ့လျန်၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း လျောင်နင်းပြည်နယ်ရှိ တာ့လျန်မြို့၏ အလှအပ ရှုခင်းပုံရိပ်များကို ရိုက်ကူးထားရာ ဆင်ဟွာသတင်းဋ္ဌာနမှ တင်ဆက်ထားပါသည်။ (Xinhua)
ရှန်ရှီး၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း ရှန်ရှီးပြည်နယ် Datong တွင် ဧရိယာ အကျယ်အဝန်း ၁၂၃ ဟက်တာ ရှိသည့် ပန်ဒါ သဏ္ဍာန် ဆိုလာစွမ်းအင်ထုတ်စက်ရုံ ကို ၂ဝ၁၇ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ကတည်းက စတင်လည်ပတ်အသုံးပြုခဲ့ သည်။ ဆိုလာစွမ်းအင်ထုတ်စက်ရုံ...
တီဟီရန် ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) အီရန် နိုင်ငံခြားရေး ဝန်ကြီး ဌာန က ဗြိတိန် နိုင်ငံ ၏ ဖမ်းဆီးခြင်း ခံထားရသော အီရန် နိုင်ငံ မှ ရေနံစိမ်း များ သယ်ဆောင်လာသည့် ရေနံတင် သင်္ဘော အား အမြန်ဆုံး...
ရန်ကုန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဇူလိုင် ၁၂ ရက်၌ ICEအပါအဝင် မူးယစ်ဆေးဝါး ကီလို ၂၂၀၀ကျော် ဖမ်းမိရမိခဲ့ကြောင်း မူးယစ်ဆေးဝါး ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။