လူဇင်ဘတ်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) သက်တမ်းအားဖြင့် ၃ နှစ်ရှိပြီဖြစ်သော အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) သည် ဇူလိုင်လ ၁၃ ရက်တွင် အာဖရိကမှ အသစ်ဝင်ရောက်လာသည့် ဘီနင်နိုင်ငံ၊ ဂျီဘူတီနိုင်ငံနှင့် ရဝမ်ဒါနိုင်ငံများအား အဖွဲ့ဝင်အဖြစ် လက်ခံပြီးနောက် အဖွဲ့ဝင်အင်အား ၁၀၀ အထိ တိုးချဲ့လာနိုင်ပြီဖြစ်ကြောင်း သိရသည်။
စတော့ဟုမ်း၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) ဆွီဒင်နိုင်ငံ မြောက်ပိုင်းတွင် လေယာဉ်ငယ်တစ်စီး ဇူလိုင် ၁၄ ရက်က ပျက်ကျမှုဖြစ်ပွားရာ လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ၉ ဦးစလုံးသေဆုံးခဲ့ကြောင်း သိရသည်။
လန်ဒန်၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) ဗြိတိန်မှ ထိန်းသိမ်းထားသည့် ရေနံတင်သင်္ဘောသည် ဆီးရီးယားသို့ သွားရောက်ခြင်းမဟုတ်ဟု အီရန်က အာမခံပါက ပြန်လွှတ်ပေးမည်ဟု ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးJeremy Hunt က ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
ဂျေရုဆလမ် ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံလေတပ်သည် အမေရိကန်ထံမှ F-35 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်သစ် နှစ်စင်းကို ဇူလိုင် ၁၄ ရက်တွင် ထပ်မံရရှိခဲ့ကြောင်း စစ်ဘက်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။
ဂျကာတာ ၊ ဇူလိုင် ၁၄ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံအရှေ့မြောက်ပိုင်း Maluku ပြည်နယ်အတွင်းရှိ Halmaheraကျွန်း၌ ယနေ့(ဇူလိုင် ၁၄ရက်) ၁၇ နာရီ ၁၀ မိနစ်က ပြင်းအား ၇.၂ အဆင့်ရှိ အင်အားပြင်း ငလျင် တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ၊ သို့သော် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်းမရှိကြောင်း အင်ဒိုနီးရှားနိုင်ငံ...
ပေကျင်း၊ ဇူလိုင် ၁၄ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ Moluccaကျွန်းအနီး၌ ယနေ့ (ဇူလိုင် ၁၄ ရက်) တွင် ပြင်းအား ၇.၃အဆင့်ရှိ အင်အားပြင်း ငလျင် တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။(Xinhua)
အန်ကာရာ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) ကမ္ဘာပေါ်တွင်နည်းပညာအမြင့်ဆုံးလည်းဖြစ်သည့် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ် အစိတ် အပိုင်းများကို ရုရှားစစ်လေယာဉ်သုံးစီးဖြင့် အန်ကာရာမြို့၏အနောက်မြောက်ဘက် အစွန်အဖျားပိုင်း တွင်ရှိသော Murted လေတပ်အခြေစိုက်စခန်းသို့ ပထမဆုံးအသုတ်အဖြစ်ရောက်ရှိလာကြောင်း တူရ ကီအစိုးရကာကွယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်သောကြေညာချက်တွင်ဖေါ်ပြခဲ့သည်။ ကြေညာချက်တွင်တူရကီအနေနှင့် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်ပထမအသုတ်အားလက် ခံရရှိခဲ့ကြောင်း၊ရုရှားထံမှပေးပို့မှုများက Murted လေတပ်အခြေစိုက်စခန်းသို့ရောက်ရှိလာခဲ့ကြောင်း၊ ယခုရက်ပိုင်းအတွင်းကျန်ရှိအစိတ်အပိုင်းများဆက်လက်ရောက်ရှိလာမည်ဟုမျှော်လင့်ရကြောင်း ဖေါ်ပြ...
ပေကျင်း ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသုံးငွေကြေးဖြစ်သော ယွမ်ငွေ သည် ယခုအခါကမ္ဘာ အနှံ့အသိအမှတ်ပြုခံရသည့် အခြေအနေသို့ရောက်ရှိလာခဲ့ကြောင်းသိရသည်။ ကမ္ဘာ့ငွေကြေးဈေးကွက်တွင်အမေရိကန်ဒေါ်လာငွေ၏ လွှမ်းမိုးနိုင်မှုက တန့်နေခဲ့သော်ငြားလည်း လွန်ခဲ့သောဆယ်နှစ်ကတည်းက ယွမ် ငွေသည် ကမ္ဘာ့ငွေကြေး ဈေးကွက်၏ သုည ဒသမ ၀၂ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ယခုအခါ ခုန်ပျံကျော်လွှားတိုးတက် လာခဲ့ခြင်းလည်း...
ရန်ကုန် ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်၌ ဇူလိုင် ၁၃ ရက်တွင် ရေမဆေးကျောက် ရှာဖွေနေစဉ် မြေကမ်းပါး ပြိုကျမှု ကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၄ ဦး ရေကန် အတွင်းသို့ပြုတ်ကျကာ နစ်မြုပ် ပျောက်ဆုံးနေကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်မှု...