အိုဆာကာ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဂျပန်နိုင်ငံ အိုဆာကာမြို့တွင်ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန်အတွက် အိုဆာကာမြို့သို့ ယနေ့ ဇွန်လ ၂၇ ရက်တွင် အထူးလေယာဉ်ဖြင့်ရောက်ရှိလာခဲ့သည်။ သမ္မတ ရှီနှင့် အတူ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ၊ ဗဟိုအတွင်းရေးမှူးဌာန...
ပေကျင်း၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အကြီးဆုံး ရေချိုကန်ကြီးပေါ်တွင် ဖြတ်သန်းဖောက်လုပ်ထားသည့် အကွာအဝေးအားဖြင့် ၅.ဝ၅ ကီလိုမီတာ အရှည်ရှိသည့် Jiujiang အဝေးပြေးလမ်းမကြီးသည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျန်းရှီးပြည်နယ်တွင် တည်ရှိသည်။ ခရီးသွားအများစု၏ စိတ်အာရုံကို စွဲဆောင်နိုင်အောင် လှပသည့် ရေပေါ်တွင် တည်ဆောက်ထားသည့်အဝေးပြေးလမ်းမကြီး၏ ပုံရိပ်များကို ရိုက်ကူးတင်ဆက်ထားပါသည်။(Xinhua)
အိုဆာကာ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) ၂ဝ၁၉ ခုနှစ် G20 ထိပ်သီးအစည်းအဝေးကျင်းပလျက်ရှိသည့် ဂျပန်နိုင်ငံ အိုဆာကာ မြို့မြင်ကွင်းကို ၃၆ဝ ဒီဂရီ ကြည့်ရှုနိုင်သည့် video ဖြင့် ရိုက်ကူးတင်ဆက်ထားပါသည်။(Xinhua)
ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၇၁,၄၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၂၇၁၄ သိန်း) အားသိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ က ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၀/၂၀၁၉) ကိုယနေ့ နံနက်(၁၀)နာရီတွင် ကျင်းပစဉ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၇)ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁)ခုတို့ကို အတည်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ကသတင်းထုတ်ပြန်ချက်အရ...
ကွာလာလမ်ပူ၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ၏ တောင်ပိုင်း Johorပြည်နယ်တွင် စာသင်ကျောင်း ၄၇၅ ကျောင်းကို ဓာတု ညစ်ညမ်းမှုကြောင့် သုံးရက် ပိတ်ပင်လိုက်ကြောင်း ဒေသအာဏာပိုင်များက ဇွန် ၂၅ ရက်က ကြေညာခဲ့သည်။
ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်မရှိသော သောက်ရေသန့်လုပ်ငန်း (၃)ခု အား ရှောင်တခင်စစ်ဆေး ကာ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်(GMP) နှင့် ကိုက်ညီမှု မရှိပါသောကြောင့် စက်ရုံ(၃)ရုံအား ပိတ်သိမ်းအရေးယူခဲ့ကြောင်း အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်ပြန်သည့်သတင်းအရ သိရသည်။
ဆန်တီရာဂို ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) ချီလီနိုင်ငံ မြောက်ပိုင်းတွင် သတ္တုတွင်း တူးဖော်သူ မိုင်းလုပ်သားများ တင်ဆောင်လာသည့် ဘတ်စ်ကား ပက်လက်လှန် တိမ်းမှောက်မှုကြောင့် အနည်းဆုံး မိုင်းလုပ်သား ၆ ဦး သေဆုံးကာ အခြား ၃၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း တာဝန်ရှိ သူများက...
နယူးဒေလီ၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ဘက်၊ Odisha ပြည်နယ်တွင် ဇွန် ၂၅ ရက် ညနေဘက်က ခရီးသည်တင်ရထားရထား တစ်စီးသည် ရထားလမ်းပြုပြင်ထိန်းသိမ်းရေးယာဉ် နှင့် ခေါင်းချင်းဆိုင်တိုက်မိပြီး လမ်းချော်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းတာဝန်ရှိသူများက ပြောသည်။ (Xinhua)