ဝါရှင်တန်၊ ဇွန် ၉ ရက်(ဆင်ဟွာ) အီရန်၏အကြီးဆုံးရေနံဓာတုလုပ်ငန်းဖြစ်သည့် ပါရှန်းပင်လယ်ကွေ့ ရေနံဓာတု စက်မှုကုမ္ပဏီ (PGPIC)နှင့် ၎င်းကုမ္ပဏီခွဲများ ၊ ပြည်ပ အရောင်းကွန်ရက်များ အားလုံးကို ပိတ်ဆို့မည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန် ၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ယင်းမာပင်ကျေးရွာအနီး မိတ္ထီလာ-တောင်ကြီးကား လမ်းမိုင်တိုင်(၃၃/၁-၂)ကြား၌ ယာဉ်ဘရိတ်ပေါက်၍တိမ်းမှောက်မှုကြောင့် လူ ၃ ဦး သေ၊ ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
တီဟီရန်၊ ဇွန် ၉ ရက်(ဆင်ဟွာ) အီရန်သမ္မတရိုဟာနီ နှင့် တူရကီသမ္မတ ရီဆက်တေရစ် အာဒိုဂန် တို့နှစ်ဦးက ဇွန်လ ၈ ရက်နေ့တွင် နှစ်နိုင်ငံအပြန်အလှန်အကျိုးရှိစေမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကာ ကွဲပြားမှုဖြစ်နေသည့်နယ်မြေ များအတွင်း ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးများကျယ်ပြန့်လာစေရေးဆောင်ရွက်ရန် သန္နိဌာန်ချခဲ့ ကြကြောင်းသိရသည်။
ကူဝိတ်စီးတီး၊ ဇွန် ၉ ရက်(ဆင်ဟွာ) ယီမင်နိုင်ငံ တောင်ပိုင်း Dhalea ပြည်နယ်ရှိ ဗလီဝတ်ပြုကျောင်းတစ်ခု ဇွန် ၇ ရက်က တိုက်ခိုက်ခံရမှုဖြစ်ပွား ရာ အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး အခြားလူအချို့ ဒဏ်ရာရရှိခဲ့ကြောင်း ယီမင်လုံခြုံရေးဌာန အရာရှိတစ်ဦးက အချင်းဖြစ်ပွားသောနေ့တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကာဂျစ္စတန်နိုင်ငံ သမ္မတ Sooronbay Jeenbekov၏ ဖိတ်ကြားချက်အရ ဇွန် ၁၂ ရက်မှ ၁၄ ရက်အထိ ကာဂျစ္စတန်နိုင်ငံသို့ နိုင်ငံတော်လည်ပတ်ရေး ခရီးစဉ်သွားရောက်မည်ဖြစ်ပြီး ဘီရှကက်မြို့၌ ကျင်းပမည့် ၁၉ ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) အဖွဲ့ဝင်နိုင်ငံ...
ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး အရေးပေါ်အစည်းအဝေး ကို ဇွန်လ ၁၁ ရက်၊ နံနက် ၁၀နာရီ တွင် ကျင်းပရန်ခေါ်ယူကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် က ယနေ့နေ့စွဲဖြင့် ကြေညာခဲ့သည်။
ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ) ဇွန်လ ဒုတိယ(၁၀)ရက်ပတ် တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း၊ အနောက် တောင်မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနိုင် ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဇွန် ၈ ရက် (ဆင်ဟွာ) ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို ယနေ့ ဇွန် ၈ ရက် တွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်း ခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိသည်။
မော်စကို၊ ဇွန် ၈ ရက် (ဆင်ဟွာ) ပထမဆုံး ရုရှားဘာသာစကားပြော ဉာဏ်ရည်တု (Artificial Intelligence = AI) သတင်းကြေညာသူအား ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ချိုင့်မင်ကျောက်နှင့် TASS ညွှန်ကြားရေးမှူးချုပ် ဆာဂျီ မီခီလာ့ဗ် (Sergei Mikhailov) တို့က ရုရှားနိုင်ငံ စိန့်ပီတာစ်ဘာ့ဂ်မြို့တွင် ဇွန်လ...
ပေကျင်း၊ ဇွန် ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်နှင့် ၂၃ ကြိမ်မြောက် စိန့်ပီတာစ်ဘာ့ဂ် နိုင်ငံတကာ စီးပွားရေးဖိုရမ် တက်ရောက်ပြီးနောက် တရုတ်နိုင်ငံ ပေကျင်းသို့ ဇွန် ၈ ရက် နံနက်ပိုင်းက ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။